နံနက်ခင်းသို့
ငါ့ရဲ့  မနက်ခင်းလေးရေ
မင်းရောက်လာဖို့ အတွက်
ညတွေထဲကို ငါခုန်ဆင်း
လမင်းနဲ့  မှတ်တမ်းတွေ ရေးနေတာပါ ….
ကြယ်တွေ အကြောင်း
ဂြိုလ်တွေ အကြောင်း
အင်း … တကယ်တော့ ..
မင်းအကြောင်းတွေကိုပဲ ရေးမိနေတာပါ ….
ထားပါလေ ..
မင်းရောက်လာမှပဲ
ငါ့ ကို နှိုးလိုက်ပါတော့  …..
မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ …..
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ …..
Comment #4
ကောင်းတယ်ဗျ
မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ …..
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ …..
အားပေးသွားပါတယ်။
By: poem.poem28 at Aug 16, 2011
Comment #5
ကြယ်တွေ အကြောင်း
ဂြိုလ်တွေ အကြောင်း
အင်း…တကယ်တော့..
မင်းအကြောင်းတွေကိုပဲ ရေးမိနေတာပါ….
တစ်ခါတစ်လေတော့လည်း အချစ်ကြောင့် ဟန်ဆောင်ကောင်းရတာတွေလည်း ရှိတယ်နော် အားပေးသွားတယ် ကဗျာလေး ကောင်းတယ်ဗျ ။
By: X - ray at Aug 22, 2011
Comment #6
wow,,,
cute poem
By: ei lay at Feb 12, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ …..
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ …..
………………………………….
တိုက်ဆိုင်မှုတွေနဲ့ အားပေးသွားတယ်ဗျာ