ကျူပ် လည်း ခင်ဗျားတို့ လို ကောင်းကောင်းလွမ်းတတ်ချင်တယ်
တကယ်တော့ ဒီဖာတ်လမ်း ကို စခဲ့တာက
သူမျက်စောင်းထိုးဖို့  အနေတော် နေရာမှာ
ကျူပ် ရပ်တည် ခဲ့တာ က စတယ်
လမ်းကြောင်း သင့် လို့ ထင်ပါတယ်
မကြာ မကြာ သူ မျက်စောင်း ထိုးပါတယ်
ကျူပ်ကလည်း အဲမျက်စောင်းလေးတွေကို သဘောကျ မိခဲ့တယ်
ကြာလာတော့ နှလုံးသားက မခံနိုင်တော့ဘူး
လုံး ပါး ပါး လာတယ်
ဒါပေမဲ့  ကျူပ်က ရွတ် တယ်
နေရာက တစ်ဖ၀ါး မှ မရွှေ့ ဘူး
သူကတော့ ကြာတော့ ရိုးသွားပုံ ရပါတယ်
နေရာ ပြောင်းသွား တယ်
အဲတော့ ကျူပ် ကျန်ရစ်ဖြစ် တာပေါ့
အဲဒါနဲ့ အသည်းကွဲနေသည် လို့  ကြေညာ လိုက်တယ်
အသည်းကွဲနေသည် ဆိုတော့
ကွဲနေတဲ့ အသည်းကို လည်း မကြာမကြာ ဂရုစိုက်ရတယ်
လူရှေ့  သူေ၇ှ့  ဆို ပို ပို ပြီး လွမ်းပြရတယ်
အလွမ်း သီချင်းဖွင့်ရင် မျက်ရည်တွေ နဲ့  နားထောင် ပြ တယ်
ခေါင်းငိုက်စိုက်လေးနဲ့  သူ့ နေရာလေး ခိုးခိုး ကြည့်ရတယ်
ဒါပေမဲ့ တစ်ခုတော့ ခံရခက်တယ်
ကျူပ် အလွမ်း တွေ က ပေစောင်းစောင်း ဖြစ်နေတယ်
အဲဒါကြီးတော့ ခံရ ခက် သဗျာ..
ကျုပ်လည်း အသဲကွဲမိုး ကေသရီ လူဆိုး တို့ လို ကောင်းကောင်း လွမ်းပြချင်တယ်။ ။(လုလင်ငယ်သွေး)
( အသဲကွဲမိုးကေသရီ လူဆိုး.. နာမည် ယူသုံးထားခြင်းအား တောင်းပန် ပါသည်)
Comment #10
don’t think like that.
u also can do well like them.
u can create best like them.
no doubt.
i like ur poem.
Comment #11
း) ဒီဖတ်လမ်းနဲ့ ဒီဇာတ်လမ်းကို မှားနေပုံရတယ်း)) ကို လုလင်ငယ်သွေးး))
Comment #13
လွမ်းဗျာ လွမ်း အလွမ်းပြိုင်ပွဲကျင်းပမယ်ဆိုရင်တော့ ကြိုပြောကြဗျာ ကျွန်တော်ထွက်ပြေးမလို့ ကျွန်တော်ကအလွမ်းနဲ့ဓာတ်မတည့်ဘူး ( just kidding ) ။ ကဗျာလေး ကောင်းတယ်ဗျ အားပေးသွားတယ်။
Comment #22
မိုက်လှချည်လားဗျ
တကယ်တော့ ဒီဖာတ်လမ်း ကို စခဲ့တာက
သူမျက်စောင်းထိုးဖို့  အနေတော် နေရာမှာ
ကျူပ် ရပ်တည် ခဲ့တာ က စတယ်
လမ်းကြောင်း သင့် လို့ ထင်ပါတယ်
မကြာ မကြာ သူ မျက်စောင်း ထိုးပါတယ်
ကျူပ်ကလည်း အဲမျက်စောင်းလေးတွေကို သဘောကျ မိခဲ့တယ်
ကြာလာတော့ နှလုံးသားက မခံနိုင်တော့ဘူး
လုံး ပါး ပါး လာတယ်
ဒါပေမဲ့  ကျူပ်က ရွတ် တယ်
နေရာက တစ်ဖ၀ါး မှ မရွှေ့ ဘူး
သူကတော့ ကြာတော့ ရိုးသွားပုံ ရပါတယ်
နေရာ ပြောင်းသွား တယ်
အဲတော့ ကျူပ် ကျန်ရစ်ဖြစ် တာပေါ့
အဲဒါနဲ့ အသည်းကွဲနေသည် လို့  ကြေညာ လိုက်တယ်
(တော်တော်လေး မိုက်တယ်ဗျို)
Comment #23
really nice
Comment #1
အလွမ်းတွေ ခြယ်သထားတဲ့ အလွမ်းအိမ်ခန်းလေးတစ်ခုထဲ အလွမ်းတွေရှိုက်သွင်းထားတဲံ့ တစ်မနက်မှာ ကြိုးစားကြည့်ပေါ့ဗျာ။
ခင်တဲ့
မိုးလူ