ချစ်သူရဲ့အလှ … ( FOR ZMMC )
သုံးရက်လနှယ်
ခုံးမျက်စသွယ်
ချစ်သူ့မျက်ခုံး
လနှယ်ပြုံးလို့
ဘယ်သူပြိုင်အုံး
သူတို့ရှုံး၏ ။
ရွန်းလဲ့စိုစို
နက်မှောင်ကြည်လို့
အကြည့်တစ်ချက်
ရင်မှာစိုက်လျက်
ချစ်သူ့မျက်ဝန်း
စူးရှလွန်းလို့
ဘယ်သူပြိုင်အုံး
သူတို့ရှုံး၏ ။
ပတ္တမြားစိန်ခြယ်
ပန်းနှုရောင်နှယ်
မြင်သူအဖို့
ရင်မှာဖိုလျက်
ချစ်သူ့နှုတ်ခမ်း
လှနှိုင်လွန်းလို့
ဘယ်သူပြိုင်အုံး
သူတို့ရှုံး၏ ။
Comment #4
For လူဆိုးshawte ဆိုပေမယ့် X – ray ဝင်ရိုက်သွားတယ်ဗျာ ရင်ဘတ်ထဲမှာ အလွမ်းလုံးကြီးတွေ့ရတယ် ကိုလူဆိုးချစ်သူနဲ့တွေ့ရင် ပျောက်သွားမှာပါ ကဗျာလေး ဖတ်လို့ကောင်းတယ်ဗျ အားပေးသွားတယ် ။
By: X - ray at Aug 16, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီကဗျာကတင်ပြီးသားပါ … တင်ထားတာပျောက်သွားလို့ပြန်တင်ရတာပါ ..
လူဆိုးတင်ထားတဲ့ကဗျာတွေပျောက်ကုန်လို့ပါ … 🙂