ဒီလိုကဗျာမျိုးထပ်မရေးပါရစေနဲ့(genius)
-ကြေကွဲရက်တွေ လွန်မြောက်
ရင်ခုန်စရာအချိန်တွေ
ရောက်လာပြန်တော့လည်း
သေချာရေရာ ရင်မခုန်ရဲပါဘူး ချစ်သူ။
-၀မ်းနည်းမှုတွေ လွန်မြောက်
ပျော်ရွှင်စရာနေ့သစ်တွ
ရောက်လာပြန်တော့လည်း
သေချာရေရာ မပျော်ရဲပါဘူး ချစ်သူ။
-တိတ်ဆိတ်ခဲ့တဲ့ရက်တွေ လွန်မြောက်
အကြင်နာစကားတွေ
ပြောရပြန်တော့လည်း
သေချာရေရာ မပြောရဲပါဘူး ချစ်သူ။
-မနမ်းဖူးတဲ့ သူ့ပါးပြင်
မြတ်နိုးခြင်းတွေနဲ့
(ခွင့်တောင်းပြီး)
နမ်းပြန်တော့လည်း
သေချာရေရာ မနမ်းရဲပါဘူး ချစ်သူ။
အလွမ်းတွေနဲ့ နေသားကျနေတဲ့ ဘဝ
အဆွေးတွေနဲ့ နေသားကျနေတဲ့ ဘဝ
အထီးကျန်မှုတွေနဲ့ နေသားကျနေတဲ့ ဘဝ
ဟွန်းးးးးးးးးးး
နောက်ဆုံးတော့လည်း
အသည်းကွဲကဗျာတွေပဲ
ဆက်ရေးရဦးမယ်ထင်ပါတယ်။
Comment #3
ရဲမင်းရေ…စောင်းပြောနေသလား…… 🙂
ကွက်တိတွေချည်းပဲ………
ရဲမင်းနဲ့ကျွန်တော်နဲ့ခံစားချက်ခြင်း….
တော်တော်တူတယ်..ဗျာ
Comment #5
အလွမ်းတွေနဲ့ နေသားကျနေတဲ့ ဘဝ
အဆွေးတွေနဲ့ နေသားကျနေတဲ့ ဘဝ
အထီးကျန်မှုတွေနဲ့ နေသားကျနေတဲ့ ဘဝ
ဟွန်းးးးးးးးးးး
နောက်ဆုံးတော့လည်း
အသည်းကွဲကဗျာတွေပဲ
ဆက်ရေးရဦးမယ်ထင်ပါတယ်။ ( ဆက်ရေးပါ. အားပေးနေမယ်) 😀
Comment #6
“အလွမ်းတွေနဲ့ နေသားကျနေတဲ့ ဘဝ
အဆွေးတွေနဲ့ နေသားကျနေတဲ့ ဘဝ
အထီးကျန်မှုတွေနဲ့ နေသားကျနေတဲ့ ဘဝ
ဟွန်းးးးးးးးးးး
နောက်ဆုံးတော့လည်း
အသည်းကွဲကဗျာတွေပဲ
ဆက်ရေးရဦးမယ်ထင်ပါတယ်။´´´ …… ဆက်သာရေးပါဗျာ ……. အားပေးလျက်
Comment #7
ကဗျာလေး ထပ်အားပေးသွားပါတယ် ။
Comment #8
ထပ်မံအားပေးတဲ့သူငယ်ချင်းများကျေးဇူုးတင်ပါတယ်။
Comment #9
🙂
Comment #11
ko htet myat aung pyaw tae atine pr pl..hee hee…
Comment #1
နောက်ဆုံးတော့ အသည်းကွဲ ကဗျာတွေပဲ ဆက်လက် အားပေးနေရဦးမယ် ထင်ပါတယ်
အားပေးသွားတယ် ညီ