ပြိုကျနေသော မနက်ဖြန်များ
အတိတ်ဆိုတာ
နေရောင်မထိုးဖောက်နိုင်တဲ့ အရိပ်ပဲ
ကြမ်းတယ် … ရှတယ် …
ရီဝေမှုန်မှိုင်းစွာနဲ့ အာရုံပေါ်မှာလဲ
ပျံသန်းတတ်သေးတယ် …
အမှန်တရားတွေ အမှားများစွာတွေ
ပြီးစလွယ်ကဗျာတွေ
ကျရာပင်ပေါက်ပျော်တတ်ခဲ့ရတဲ့ ဘ၀တွေ …
အံကြိတ်လို့ နောက်ပြန်မောင်းသွင်းခဲ့ရတဲ့မျက်ရည်တွေ ..
အရိပ်ချင်း လက်တွဲခဲ့ကြတဲ့ နှလုံးသားတွေ ..
အတွေးလွန်ခြင်း ခေါင်းစဉ်တွေ
စာရိတ္တ အပုပ်အသိုးတွေ …
ပျင်းရိ ငြီးငွေ့ခြင်းတွေ …
လည်စင်းခံ ကိုယ်ကျင့်တရားတွေ ..
နောက်ကျောမှာ စိုက်ခဲ့တဲ့ ဓားတွေ ရဲ့ကြား
ဆုတ်ကိုင်ထားတဲ့ မာနတောင် လွတ်ကျလုလု
မှားယွင်းမှုအကြောင်းတွေကိုချည်း
ထပ်ဖန်တလဲလဲ ကြားနေရတော့
အမှန်တရားပါတဲ့ စကားကြားရင်
မယုံတတ်တော့ …
သံသရာ အဆက်ဆက် မှားလာပြီးမှတော့
နမိတ်ဖတ် ဟောကိန်းတွေကို ယုံပီး
မနက်ဖန်ဆိုတာကြီးကို ပူပန်နေလဲ
ဘာထူးမှာလဲ …။ ။
ဒီလိုနဲ့ နောက်ဆုံးကျန်တဲ့
သွေးတစ်စက်မှာတောင် အမှားတွေက
အပြိုင်းပြိုင်းတောထ …
ပခုံးပေါ်ကို နင်းလာတဲ့ ခြေထောက်တွေသာ
ခြေရာထပ်လာတယ် …
ဟေ့လူ … ခင်ဗျားကို မေးအုံးမယ်ဗျာ ..
လိုချင်လို့ရခဲ့တာလား … ဘ၀ဆိုတာ
ဟိဏ်းဇော်အောင်
Comment #1
မေတို့ဖေတို့ပေးလို့ရခဲ့တာပါအေ