*ကျေနပ်ခဲ့သော ရှူံးနိမ့်ခြင်း*
တချိန်ချိန်မှာ လွမ်းဆွေးမှုတွေ
ဖြစ်လာမှာကို ကြိုသိနေခဲ့လည်း
မျက်စိကိုမှိတ်လို့ ကံကြမ္မာကိုမျက်ကွယ်ပြုပြီး….
နှလုံးသားရဲ့ကြိုးဆွဲရာ ကကြိုးအတိုင်း
ငါလျှောက်လှမ်းခဲ့တယ်…………..
ငါဟာတကယ်တော့ မင်းကြိုးဆွဲရာကတဲ့
အရုပ်တစ်ရုပ်မဟုတ်ခဲ့ပါဘူး
ဒါပေမယ့် ငါ့နှလုံးသားကတော့
မင်းလိုသလို သုံးနိုင်တဲ့ ပစ္စည်းပေါ့………
ဒါပေမယ့် မင်းနှလုံးသားက
ငါ့အတွက် မမှီတဲ့ပန်းကို
တုံးခုပြီး လှမ်းသလိုဖြစ်နေပြီပေါ့လေ
ကံကြမ္မာရဲ့ ကြိုးဆွဲရာ ကကွက်တွေကို
လွန်ဆန်ပြီး နှလုံးသားအတွက်
နားခိုရာ အရိပ်တစ်ခုကို
ငါရှာဖွေခဲ့တယ်………….
နှလုံးသားကို အရင်းတည်
အချစ်တွေကို ရင်ဝယ်ပိုက်လို့
အလိုလိုက် အကြိုက်ဆောင်ခဲ့ပေမယ့်
နောက်ဆုံးတော့ ရလာဒ်က
“အမုန်းရင်ခွင်”တဲ့လား………………..
ဒါပေမယ့် ငါကျေနပ်ခဲ့ပါတယ်
ကြည်နူးခဲ့ရပါတယ်
မင်းနှလုံးသားကို ငါမရခဲ့ပေမယ့်
မင်းအချစ်တွေကို ခဏတော့
ပိုင်ဆိုင်ခဲ့ရပါသေးတယ်……..….
တစ်နေ့နေ့မှာတော့
မင်းလေး နားလည်လာမှာပါ
အချစ်ဆိုတဲ့ အရာကိုပေါ့
အဲဒီအချိန်မှာ မင်းအတွက်
နာကျင်မှုဆိုတဲ့ ဒဏ်ရာတွေ
အမုန်းဆိုတဲ့ မုန်တိုင်းတွေကို
ရှောင်လွဲနိုင်ပါစေ…………..
ငါ့အတွက်တော့
တစ်ချိန်မှာမင်း
ငါ့နှလုံးသားကို နားလည်ပေးမိရင်တောင်
ငါကျေနပ်ပါတယ် ငါဝမ်းသာပါတယ်………
ဒဏ္ဍာရီထဲက ချစ်ခြင်းမျိုးတွေ
ဒီကမ္ဘာမြေထဲမှာ ရှိနေဦးမလား
ရှိနေခဲ့ရင်တောင် အဲ့လိုချစ်ခြင်းတွေက
ငါချစ်တဲ့ မင်းအတွက်သာ ဖြစ်နေပါစေ
ငါ အတ္တကြီးတာမဟုတ်ပါဘူး
တဖက်သတ်ဆန်ခဲ့တာလည်း
မဟုတ်ပါဘူး……………
အချစ်ကြီးခဲ့တာ အရူးအမူးချစ်ခဲ့တာပါ
အချစ်ကြီးတဲ့သူတွေက ရှူံးနိမ့်ရတယ်တဲ့
ငါမယုံခဲ့ဘူး တစ်ချိန်ကပေါ့လေ
ခုတော့ ငါယုံကြည်သွားပြီ………
ငါကိုယ်တိုင်က ရှုံးနိမ့်ခဲ့ရပြီလေ………
ဒါပေမယ့် ရှုံးနိမ့်ခြင်းအပေါ်မှာ
ကျေနပ်မှုတွေ ဖြစ်ခဲ့ရတယ်…………..
ငါ ချစ်တတ်ခဲ့ပြီ
အချစ်ကိုသိခဲ့ရပြီ………..
ကြိုးစားလျက်
(မိုးထက်)Gipsy Lay
Comment #3
nope,,,
wrong,,,,
lose & win isn’t important for true love.
lose & win isn’t the main point of pure love.
if lose & win can change ur love,,,it’s called false love.
false love will survive for a short time.
instead of lose & win,,the essential points r understood,sympthaty,honest,forgiveness,faith.
Comment #5
u r welcome.
a laung a sar loak de so tar ma kaung bu,gipsy lay ye.
lu g tway pyaw tar ko nar htaung naw,ti lar?
he,,he,,
Comment #7
ya par de..
kyay zu tway a yan ma tin par ne.
a yan shat lar p,
he,,he,,
a hman ta ke so ei lay ka bar hma ti tar le ma hote bu.
sa yar g win loak de htin nay ong me naw.he,,he,,
ei lay ka bar hma tay char ko nar ma le de a twat yaw hmar so hmar par yin kwint hlut par.
Comment #9
g talk?
he,,he,,
thu ka ma kyike bu..on line chatting ko.
sate nyit hmar soe loh g talk pate htar tar kyar p
Comment #11
u r welcome…
Comment #1
နှလုံးသားကို အရင်းတည်
အချစ်တွေကို ရင်ဝယ်ပိုက်လို့
အလိုလိုက် အကြိုက်ဆောင်ခဲ့ပေမယ့်
နောက်ဆုံးတော့ ရလာဒ်က
“အမုန်းရင်ခွင်”တဲ့လား………………..
ဒါပေမယ့် ငါကျေနပ်ခဲ့ပါတယ်
ဟုတ်တယ်တကယ်ချစ်ရင်တော့ကျေနပ်ရမှာပေါ့နော်။