ကျန်ခဲ့သော သူသို့
ညနေခင်းတချို့
တိတ်တဆိတ်
ခရီးထွက်ကြလေရဲ့
ဘယ်လဲ လို့မေးတော့
ဧဒင်ဥယျာဉ်ကိုတဲ့
သူတို့တွေဟာ
သိပ်ပျော်စရာကောင်းတယ်
ရောင်စုံမီးတွေနဲ့
အလှဆင်ထားတဲ့ကောင်းကင်တွေ
ပိုင်ဆိုင်တယ်လေ
ပြီးတော့
သာယာတဲ့ ညနေခင်းက
တေးသွားတွေကို
လှပစွာ သီကြွေးနိုင်တယ်လေ…
သူတို့နဲ့ တွေ့ရတာကျွန်တော်ပျော်တယ်
တခြားလူတွေ လည်းပျော်တယ်
တချို့တွေက ကခုန်ကြလေရဲ့
တချို့တွေက ထိုင်နေကြလေရဲ့
တချို့တွေက လမ်းလျှောက်ကြနေလေရဲ့
ညနေခင်းက
ကျွန်တော်ကို မေးတယ်
မင်းပျော်လားတဲ့
ဒါနဲ့ မင်းကောင်မလေးကောတဲ့
သူမ ကျွန်တော်နဲ့ အတူ
ဧဒင် ဥယျာဉ် ဆီသို့ ပါမလာခဲ့ချေ…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
if me,,don’t go nowhere.
coz i m afraid of ,,,,,coz i hate that kind of questions.
coz has any bf.
he,,he,,