“ကဗျာ” ရဲ့ “ကောင်းကင်”
ကျနော်ရဲ့ ပထမဆုံး ၀တ္ထုတိုပါ… ဖတ်ပြီးရင်တော့ တစ်ခုခု ရေးပေးပါ… ကိုယ်တွေ့ဝတ္တုတော့ မဟုတ်ပါဘူး… ရင်တွင်းဖြစ်ဝတ္ထုလေးပါ… အားလုံးကိုကျေးဇူးတင်ပါတယ်…
ပတ်ဝန်းကျင်တခွင်မှာလည်း စိမ်းလို့… သစ်ပင်ပန်းမာန်တွေမှာ စိမ်းလန်း ပတ်လည်ဝန်းရံနေတာကတော့ လေးထပ်ကျောင်းဆောင်တွေပေါ့။ Ferry Gate နားမှာလဲ မြက်ပင်တွေလို စုပုံပေါက်နေတဲ့ Canteen တွေ အများကြီး၊ နာမည်လေးတွေကလည်း ကဗျာဆန်နေသေး. ဆယ်တန်းစာမေးပွဲပြီးကတည်းက ကျနော့်ကို ကျနော် ကျောင်းသားဆိုတဲ့အသိက ဘယ်ရောက်နေမှန်းမသိ တက္ကသိုလ်ဆိုတာရောက်မှပဲ အသက်ပြန်ငယ်သွားသလို ခံစားနေရတယ်။ ကျောင်းရောက်တဲ့ ပထမရက် ဆိုတော့လည်း ပျော်လား စိတ်ညစ်လားမသိ ရန်ခုန်နေမိတာတော့ အမှန်ပဲ။ တက္ကသိုလ်က အထီးလား အမလား စူးစမ်းကြည့်မ၊. အဖော်ဆိုရင်တော့ ကောင်းကင်အတွက်မလို၊ တက္ကသိုလ်မရောက်ခင်ကတည်းက စီစဉ်ပြီးသား၊ ကောင်းကင်ဆိုတဲ့ နာမည်အတိုင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်သူဖြစ်တယ်။ ကိုယ်လုပ်ချင်တာကို လုပ်ဖို့ပဲသိတယ်။ လူကြီးတွေစကားနဲ့ပြောရင် တကိုယ်ကောင်းသမား၊ လူငယ်အမြင်တော့ ကလေးဆန်တယ်ပေါ့။ ဒါပေမယ့် အပေါင်းအသင်းမှာ အသက်အကြီးဆုံး၊ အပေါင်းအသင်းပြောမှ များတော့များတယ်၊ တကယ်ပေါင့်းတာတော့ သုံယောက်ထဲ။ ကောင်းကင်သူငယ်ချင်တွေက ကောင်းကင်လိုပဲ နာမည်တွေလန်းတယ်။ တစ်ယောက်က နေလင်း၊ နောက်တစ်ယောက်က ကြံတိုင်းအောင်၊ နောက်ဆုံးတစ်ယောက်ကတော့ ပိုင်စိုးတဲ့။ သူငယ်ချင်တွေဆိုတော့လည်း နာမည်ပျက်လေးရှိတာပေါ့။ ကျနော့်ကိုတော့ သူတို့က ကင်းကောင်တဲ့။ ဘယ်ရမလဲ ဒီကောင်တွေကိုလည်းကျနော် နာမည်ပြန်ပေးထားတယ်၊ နေလင်းဆိုတော့ နေထက်ပူပြင်းလို့ပေးလိုက်တယ်၊ သူကအပူကောင် သူနားဆိုဘယ်သူမှမကပ်ဘူး ကျနော်တို့ပဲကပ်တာ။ နောက်တစ်ယောက်ကတော့ ကြံသလောက် မအောင်ဘူး ပြောင်ပြောင်သွားတာများတယ်၊ ဒါကြောင့်သူ့ ကြံတိုင်းပြောင်လို့ အမည်ပေးထားတယ်။ နောက်တစ်ယောက်ကတော့ ပိုင်စိုးတဲ့ ပိုင်မှစိုးတာမဟုတ်ဘူး၊ ဘာကိုမှလည်း မပိုင်ဘူး၊ စိုးတော့အရမ်းစိုးတယ် ဒါကြောင့်သူ့ကို ငစိုးလို့ နာမည်ပေးထားတယ်။ သူငယ်ချင်းတွေက သစ္စာရှိတယ်၊ လူကြားထဲမှာဆို မခေါ်ကြဘူး၊ အရမ်းခင်ကြတော့ တက္ကသိုလ်တောင် အတူတူတက်ဖို့စီစဉ်ခဲ့တာပါပဲ။ တက္ကသိုလ်ရောက်တာ ရက်တွေများလာခဲ့တယ်။ တက္ကသိုလ်ရောက်တာတော့ အချိန်မှန်ပဲ အတန်းဆိုရင်တော့ တခါမှမရောက်ဖူးကြဘူး၊ ဒါပေမယ့် လူသိများကြတယ်။ ကျနော်ဆို အဖွဲ့ကိုလိုက်ရှာရင်တော့လွယ်တယ်။ စုရပ်ကတော့ ဆုံဆည်းရာ ဆိုတဲ့ Canteen လေးပဲ။
ဒီလိုနဲ့ တနေ့တော့ တက္ကသိုလ်ကြီးမှာ မဖြစ်ဖူးတာတွေဖြစ်လာရော။ ကျနော်က သူငယ်ချင်းတွေကို အတန်းထဲသွားဖို့ စည်းရုံးတယ်၊ အဲ့ဒီကောင်တွေက အတန်းဆိုရင် ငရဲလိုပဲ သွားရမှာအကြောက်ဆုံး။ ဆရာမက အတန်းမှန်မှန်မတတ်ရင် စာမေးတတ်လို့ပါပဲ။ တနေ့တော့ ကျနော်တစ်ယောက်ထဲ အတန်းသွားတတ် ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ ကျနော်သူ့ကိုစတွေ့ခဲ့တာပဲ။ ရုပ်ရည်ကတော့ ပြောစရာမရှိ၊ အရပ်အမောင်းကကောင်း အသံတော့မကြားရသေးတော့မသိရဘူး။ အကြည့်ချင်းဆုံမိတဲ့ စက္ကန့်ပိုင်းက ကျနော့်ကို အတန်းနေ့တိုင်းတတ်ဖို့ ဆွဲဆောင်ခဲ့တာပါပဲ။ သူကတော့ အမှတ်တမဲ့ကြည့်မိတာပဲ ကျနော့်အတွက် အမှတ်တရဖြစ်ခဲပြီ။ အတန်းထဲကြည့်တော့ ထိုင်စရာနေရာတွေအများကြီး ဒါပေမယ့် ကျနော်သူ့အနောက်က ခုံမှာထိုင်ခဲ့တယ်။ စကားကလည်းမပြောတတ် ပြောလည်ပြောချင် ပြောတောလည်း အပြစ်မြင်မှာ ကြောက်နေသေး။ ဒီလိုနဲ့ ဝေခွဲမရဖြစ်ရင်း မထိုင်နိုင် မထနိုင်ဖြစ်ခဲ့တယ်။ အချိန်ကိုကြည့်တော့ မွန်းတည့်နေပြီ။ သူတို့ သွားဖို့ပြင်နေကြပြီ။ ဘာလုပ်ရမလဲ။ သူထွက်သွားတာကို မြင်နေတယ်၊ ကျနော်သတိထားတာကိုတော့သူမသိခဲ့ဘူး။ ဒါနဲ့ပဲ အတွေးတချက်ဝင်လာတယ်။ သူ ဘယ် Canteen မှာစားလဲ ကြည့်ဖို့ပဲ။ သူထွက်သွားတဲ့နောက်ကို ရှာကြည့်တယ်။ အဲ့ဒီအချိန်မှာ လူတွေကြားထဲ ထင်းထင်းလင်းလင်းကို သူ့ကိုတွေ့ခဲ့တယ်။ ကျနော့်မျက်လုံးတွေကလည်း Camera လိုပဲ သူရှိတဲ့နေရာကို Forcus ရောက်နေတယ်။ ဘာကိုမှ မမြင်တော့ဘူး။ ဒါကအချစ်လား တွေးနေချိန်မှာပဲ လူတယောက် နောက်က ပုပ်ခတ်လိုက်လို့ စဉ်းစားနေတာ ဘယ်ရောက်သွားမှန်းမသိဘူး။ ဘယ်သူများလဲလို့ ‘စုမြတ်’ ဖြစ်နေတာကိုး။
“ဟဲ့… နင်ကလဲ E-Major ကပဲလား…” ကျနော်မေးမိတယ်…
သူက “သေနာ… ငါနင့်ကိုခေါ်အတန်း
ထဲမှာတွေတာပဲ… ခေါ်တာတောင် မကြာနိုင်ဘူး… ဘာတွေမွန်နေတာလဲ”
“နင်ကလဲ တွေ့လိုက်ရင် “သေနာ.. သေနာ… နဲ” ငါ့မှာနာမည်ရှိပါတယ်… ငါ့အမေက လူသားတိုင်းကို သဘောထားကြီးနိုင်အောင် ကောင်းကင် လို့ ပေးထားတာ… သေနာမဟုတ်ဘူး” ဒေါသထွက်ဟန်ဖြင့် ပြန်ပြောလိုက်တယ်။ စုမြတ်မှာလဲ ကျနော့်ကိုကြောင့်ကြည့်နေမတယ်။ ကျနော်တစ်ခါမှ သူငယ်ချင်းတွေကို စိတ်မဆိုးဖူးဘူး အခုတော့ စိတ်ဆိုးသလို ဖြစ်သွားတယ်။ ဒါနဲ့ စုမြတ်ဆိုတာက ကျနော်တို့ State School တုန်းက စုံထောက်ပဲ။ သူမသိတဲ့အကြောင်းမရှိ။ ဒါနဲ့ကျနော်က မေးလိုက်မိတယ်။
“ဟဲ့… ငါ့တို့အတန်းထဲက အချောဆုံး ကောင်မလေးကိုသိလား”
“ဘယ်သူ့ကိုပြောတာလဲ E-Major မှာ အချောတွေကြီးပဲ” စုမြတ်ကပြုံးပြီးပြန်ပြောတယ်။ သူလုပ်မှပဲ ဘယ် Canteen မှာထိုင်လဲဆိုတာလိုက်ကြည့်ဖို့ နောက်ကျသွားတယ်။
ဒီနေ့အတန်းတတ်တာ စာရခဲ့လား??? သေချာတာကတော့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားမိသွားတယ်။ ဒီလိုနဲပ အိပ်ပြန်ရောက်တော့လဲ ဘာမှမလုပ်ချင် တွေနေတဲ့ စာအုပ်တစ်အုပ်ကို ကောက်ယူရင် ကဗျာတစ်ပုဒ် စပ်မိတယ်။
အမှတ်တမဲ့ မင်းရဲ့အကြည့်
ငါ့နှလုံးသာကို တည့်တည့်ထိ
ချစ်စရာ မင်းရဲ့အပြုံး
ငါငေးကြည့်ခဲ့ တချိန်လုံး
စိတ်ဝင်စားမိ မင်းမသိ
မင်းတစ်ယောက်က ငါ့ရင်ထဲငြိ…
မရေးတတ်ရေးတတ်ရေးခဲ့တယ်။ ဒါနဲ့ နောက်နေ့ တက္ကသိုလ်သွားခါနီး ပြာယာခတ်နေမိတယ်။ ကျောင်းရောက်တော့ မိုးကရွာ ကံဆိုးချင်တော့ ထီးမပါလာခဲဘူး။ ဒီနေ့တော့ ကောင်းကင်အတွက် Unlucky ပဲ။ သူ့ကိုတွေ့ခဲ့တာ ၂၄ နာရီတောင်ပြည့်တော့မယ်၊ မပြည့်ခင်လေး နာမည်လေးသိရကောင်းသားဆိုလို့ တွေးနေရင်း ကံကောင်းချင်တော့ စုမြတ်နဲ့တွေ့ခဲ့တယ်။ သူ့အကူအညီနဲ့ပဲ အတန်းထဲရောက်ခဲ့တယ်။ ဒီနေ့တော့ သူကမနေ့ကထက် ပိုလှနေတယ်။ သူ့နာဘေးမှာလဲ ကောင်လေးတစ်ယောက်ရောက်နေတယ်။ ကျနော့်မှာလဲ ဘာလုပ်ရမှန်းမသိ ရပ်ကြည့်မိတယ်။ အမှတ်တမဲ့ စုမြတ်ကို ပြောမိတယ်။
“စုမြတ်… သူအရမ်းလှတယ်နော်” စုမြတ်မှာ အူကြောင်ကြောင်ဖြစ်သွားတယ်။ နောက်မှ
“ဘယ်သူလဲ” ဆိုပြီးပြန်ဖြေတယ်။
“ဟိုကောင်မလေးလေ” ကျနော်မျက်စပစ်ပြတယ်။
“အော်… “ကဗျာ” ကိုပြောတာလား လူတိုင်းပြောတယ် သူက ငါ့တို့ E-Major ရဲ့ Princess လေ” ကျနော်ကစုမြတ်ကို မျက်နှာချိုတွေးရင်း
“နင်သူနဲ့သိလား…” ဆိုပြီးမေးလိုက်တယ်။ စုမြတ်က ဘာမှမပြောပဲ ကျနော့်ကို အဲ့ဒီကောင်မလေးရှေ့ခေါ်သွားခဲ့တယ်။ စုမြတ်ရဲ့ကျေးဇူးကြောင့် “ကဗျာ” ဆိုတဲ့မိန်းကလေးနဲ့ သိကျွမ်းခွင့်ရခဲ့တယ်။ ဟိုကောင်တွေကလည်း ကျနော့်ကို ရှာရင် အတန်းထဲရောက်လာခဲ့တယ်။
“ကောင်းကင်… မင်းဒီကိုရောက်နေတာကို ဒါကြောင့် မိုးရွာနေတာ” သူတို့က အဖြစ်အပျက်အမှန်ကိုတော့မသိသေး ကျနော်အတန်းတက်တယ်ဆိုလို့ ကျနော့်ကိုနှိပ်ကွပ်နေကြတာ။
“ဘာဆိုင်လို့လဲကွာ….”
“မင်းအတန်းထဲရောက်နေလို့လေကွာ…”
“အော်… ဒါကဒီလိုရှိတယ်… ငါအခု သံလိုက်စက်ကွင်မှာမိနေလို့…” ကျနော်ပြောလိုက်တော့ သူတို့က အပြစ်မရှိသူပမါ ကျွန်တော့်ကို ကြောင်ကြည့်နေခဲ့တယ်။ အကြောင်းဆုံကိုပြောပြတော့မှ ဒီကောင်တွေ သဘောပေါက်သွားကြတယ်၊ ကျနော်ကတော့ အခုထိ ကဗျာကို ကြည့်နေမိတယ်။ ဒီနေ့တောင့် ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းတွေက စီးချက်ညီနေတယ်။ ကံဆိုးတော့ မိုရွာတယ်၊ ကံကောင်းတော့ သူငယ်ချင်းအကူအညီရတယ်၊ ကံဆိုးတော့ ကောင်လေးတစ်ယောက်သူ့နားရောက်နေတယ်၊ ကံကောင်းတော့ သူ့ကိုသိခွင့်ရယ်။ ဒီလိုနဲ့ကျနော့်အတွက် တက္ကသိုလ်မှာ ဘာသာရပ် အသစ် တိုးလာခဲ့တယ်။ စိုးရိန်စရာလေးတွေရှိနေတဲ့ကောင်းကင်အတွက် အဲ့ဒီကိစ္စတွေကို ‘ကဗျာ’ ဆုတောင်းနေမိတယ်။ သူငယ်ချင်းတွေနဲ့ တိုင်ပင်တိုင်း ကျနော့်မှာ စိတ်ဓာတ်အထပ်ထပ်ကျခဲ့တယ်။ တစ်ယောက်က ကားတင်ပြေးတဲ့၊ နောက်တစ်ယောက်က ချစ်ခွင့်ပန်လိုက်တဲ့၊ နောက်တစ်ယောက်က တော့ ဒီလိုပဲ အဝေးကချစ်တဲ့… ကျနော်ဘာလုပ်သင့်လဲ??? စဉ်းစားလို့မရတဲ့အဆုံး ချစ်ခွင့်ပန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချစ်ခွင့်ပန်တော့လည်း ငြင်းခံရမှာကြေက်တယ်။ အဝေးကနေချစ်မယ်ဆိုတော့လည်း အဓိပ္ပါယ်မဲ့လွန်းနေတယ်။ သူသိအောင်တော့ လုပ်ရမှာပေါ့။ အဲ့ဒီလိုနဲ့ပဲ ပထမနှစ်ပြီးတဲ့အထိ ‘ကဗျာ’
နဲ့မေးထူးခေါ်ပြောအဆင့်က မတက်ခဲ့ပါဘူး။ ချစ်တာချစ်ရတာ ‘ကဗျာ’ နဲ့ပတ်သတ်ရင် နာမည်ကလွဲလို့ ဘာမှမသိခဲ့ရပါဘူး။ ဘယ်လောက်ညံ့တဲ့ကောင်းကင်လဲဆိုပြီး သယ်ရင်းကြားမှာ ချီးမွမ်းခံနေရတယ်။ ဒီလိုနဲပ စာမေးပွဲဖြေတဲ့နေ့ရောက်ခဲ့တာပဲ။ ကံကောင်းထောက်မစွာ ကောင်းကင်နဲ့ ‘ကဗျာ’ ဘေးချင်းကပ်ထိုင်ရတယ်။ ကောင်းကင်မှာ စာမေးပွဲခန်းထဲ စာရွက်မကြည့်ပဲ ‘ကဗျာ’ မျက်နှာကို ထိုင်ကြည့်နေမတယ်။ “‘ကဗျာ’ မင်းကကြည့်လေလှလေပါလား… နာမည်နဲ့လိုက်အောင်လည်းမျက်နှာက ကဗျာဖွဲ့စရာတွေပဲ…” ကျနော်စာမေးပွဲခန်းထဲမှာ စိတ်ကူးယဉ်နေမိတယ်။ ဆရာမရဲ့ စကားသကြောင့် ကျနော် Feel ပျတ်သွားတယ်။ ‘ကဗျာ’ မှာတော့ မနေတတ် မထိုင်တတ် ရှက်ပြုံးပြုံနေတယ်။ ပထမနေ့မှာ ကျနော်မဖြေနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျနော် စိတ်မညစ်ဘူး။ ဖြစ်နိုင်ရင် စာမေးပွဲအချိန်ကို မပြီးစေချင်သူဖြစ်တယ်။ စာမေးပွဲနောက်ဆုံးရက်မှာတော့ ကျနော်က ‘ကဗျာ’ကို ရင်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြောဖို့ အခွင့်မသာခဲ့ဘူး။ ‘ကဗျာ’ ဘေးမှာ ဟိုငနဲက ထပ်ကျပ်မကွာ စာမေးပွဲခန်းထဲ ၀င်ခွင့်ရှိရင် ၀င်မဲ့ပုံနဲ့ အခန်းအပြင်မှာ စောင့်နေတယ်။ နောက်ဆုံးဘာသာကလွယ်တယ်။ ကျက်စရာ သိပ်မရှိဘူး။ ကျနော်က စာမေးပွဲကို နာရီဝက်အပြီးဖြေပြီး ‘ကဗျာ’ အတွက် ကဗျာတစ်ပုဒ်ရေးခဲ့တယ်။
ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ
ဆုံတွေ့ချိန်က တစ်ခဏပဲ
ဒါပေမယ့် ငါ့စိတ်ကတော့ အမှတ်ရနေခဲ့တယ်…
တွေ့ခဲ့တဲ့ အမှတ်တမဲ့အပြုံးက
ငါ့အတွက်တော့ အမှတ်တရဖြစ်ခဲ့ပြီ
‘ကဗျာ’ ရယ် မင်းဘ၀ရဲ့ ဇာတ်မှာ
ငါ့ကို ကာရံအဖြစ် ကပါရစေတော့…
ကဗျာရဲ့
“ကောင်းကင်”
ဒီစာကို ကဗျာအိတ်ထဲကိုထည့်ပေးလိုက်တယ်။ လူရှုပ်နေတော့ ဘယ်သူမှ သတိမထာမိဘူး။ ကျနော်လဲ ‘ကဗျာ’ ကိုနှုတ်ဆက်ပြီးထွက်လာခဲ့တယ်။ အချိန်ကိုကြည့်တော့ ၂ နာရီတိတိရှိနေပြီ။ ဟိုကောင်တွေကိုမတွေ့။ ဒါနဲ့ ကျနော်လဲ တစ်ယောက်ထဲ ဆုံးဆည်းရာမှာ ၀င်ထိုင်နေလိုက်တယ်။ အဲ့ဒီမှာစတွေ့တာပဲ။ ‘ကဗျာ’ ကဟိုငနဲနဲ့ ထိုင်နေတယ်။ ရယ်ရယ်ပြုံးပြုံးနဲ့ ပျော်နေကြတယ်။ ကျနော့်မှာ ဒီမြင်ကွင်းကို Camera နဲ့ ရိုက်ထားသလိုပဲ မျက်စိမှိတ်လိုက်တိုင်း မြင်နေတယ်။ ကျနော်အတွေးလွန်လို့ “မဖြစ်ဘူး… မဖြစ်ဘူး…” ဆိုပြီး အသံထွက်လာတယ်။ ဘေးကလူတွေရဲ့ အာရုံက ကျနော့်ဆီကိုရောက်လာတယ်။ ဒီအချိန်မှာပဲ ကျနော့်ကို ‘ကဗျာ’ မြင်သွားတယ်။ ‘ကဗျာ’ ကခေါ်လို့ ကျနော်သူနားသွားခဲ့တယ်။ နောက်တော့ ကျနော့်ကို ဟိုငနဲနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ငနဲ နာမည်က ကိုအောင်တဲ့ သူအိမ်က သဘောတူးထားတာတဲ့။ ကျနော်မှာဘာလုပ်ရမလဲမသိတော့ဘူး။ ပြုံးနေတဲ့ မျက်နှာမှာ ကြက်သေသေသွားတယ်။ အသိချင်ဆုံးအရာက မကြားချင်ဆုံးအရာဖြစ်ခဲ့တယ်။ ကျနော့်မှာ ဆက်နေလဲမထူးလို့ ပြန်လှည့်ထွက်ခဲ့တယ်။
‘ကဗျာ’
ငါတို့တွေခဲ့တဲ့ ဆုံဆည်းရာက
ကဗျာမဆန်တော့ဘူးနော်
အခုတော့ ထွက်ခွာရာ
ဖြစ်နေခဲ့ပြီ…
မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်ရှိတယ်
ဒါပေမယ့် ငါ့အတွက် မနက်ဖြန်က
ဒီနေ့ဖြစ်နေခဲ့ပြီ…
အချစ်စစ်ရင် နီးစပ်နိုင်တယ်
အချစ်ကနောက်ကျခဲ့ရင်တော့
ဘ၀တစ်ခုလုံး အထပ်ထပ်ရှုံးခဲ့ရပြီ…
‘ကဗျာ’ ငါလည်း ကဗျာဆရာဖြစ်ခဲ့ပြီ။ “အချစ်နဲ့တွေ့တဲ့လူက ကဗျာဆရာဖြစ်တယ်တဲ့… မှန်လိုက်တဲ့စကား… ငါကလဲ မင်းတစ်ယောက်အတွက် ကဗျာဆရာဖြစ်ပါရစေ…”
ကောင်းကင်ရဲ့ တောင်မြောက်အတွေးက ‘ကဗျာ’ ကနေမခွာခဲ့ဘူး၊ “Why Do I Love You” သီချင်းကိုဖွင့်ထားခဲ့တယ် ဒါပေမဲ့ နားထဲမရောက်ခဲ့ဘူး။ ကျနော့်ရဲ့ဘ၀မှာ လိုတရခဲ့တယ်။ ‘ကဗျာ’ နဲ့
တွေ့မှဘဲ မရတဲ့အပြင် ရတာတောင်ပျောက်ရှကုန်ပြီ။ ‘ကဗျာ’ ကြောင့်မဟုတ်ပါဘူး ကျနော်က ‘ကဗျာ’ တစ်ယောက်ထဲလိုချင်လို့ပါ။ စိတ်ညစ်ညစ်နဲ့ အိမ်ကထွက်ခဲ့တယ်။ သူငယ်ချင်းတွေကလည်း အိမ်အလုပ်ကူလုပ်ပေးနေလို့ မတွေ့ဖြစ်ခဲ့ကြဘူး။ ဒါကြောင့် ကျနော်တစ်ယောက်ထဲ Season ဆိုတဲ့ ကော်ဖီဆိုင်မှာ ထိုင်နေခဲ့တယ်။ “‘ကဗျာ’ မင်းသာအနားမှာရှိရင် ဒီနေရာက ဘယ်လောက်သာယာနေမလဲ… အခုတော့ ဇရပ်တောင် ဒီထက်ပိုသာယာနေတယ်…” တွေးရင်းတွေးရင်းနဲ့ ဟိုးအဝေးကို ငေးကြည့်မိတယ်။ လေအဟုန်စီးနေတဲ့ ဆံနွယ်လေးနဲ့ ကောင်မလေးက ‘ကဗျာ’မဟုတ်ဘူးလား ထင်ယောင်ထင်မှားဖြစ်နေတယ်။ အနားကိုရောက်အောင်သွားပြီး ခေါ်လိုက်ကာမှ ‘ကဗျာ’မဟုတ်မှန်းသိတော့တယ်။ “‘ကဗျာ’ရယ် ငါ့ကိုစိုးမိုးနိုင်လှချည်လား… ငါ့မြင်ကွင်းလည်း မင်းပုံရိပ်ကိုမြင်မြင်နေတယ်… မင်းကတော့ ဒါတွေကိုဘယ်သိနိုင်မလဲ… ငါ့မှာ မနက်နိုးတော့လည်း မင်းနိုးပြီလား… အစာစားတော့လည်း မင်းစားနေလား… နောက်ဆုံးငါအိပ်ရင်လည်း မင်းအိပ်ပြီလား…” စဉ်းစားမိတယ်။ “ငါ့နေ့တနေ့ရဲ့ နာရီပေါင်း ၁၂ နာရီကို ပေးအပ်ခဲ့ပြီ…” ကျနော်မှာ ‘ကဗျာ’ နဲ့တွေ့ပြီးနောက်ပိုင်း လူတွေကို မကျေနပ်တဲ့စိတ်က လွန်ကဲလာတယ်။ အထူးသဖြင့် စုံတွဲတွေကိုတွေ့တဲ့အချိန်တိုင်း လောကကြီးကို အမြင်ကပ်ပုဒ်မ တပ်ခဲ့တယ်။ “ကျနော့်ကဗျာကို သူဖတ်ရဲ့လား… ဖတ်ပြီးတော့ စိတ်ဆိုးနေပြီလား…” စိတ်က ‘ကဗျာ’ မှ ‘ကဗျာ’ ဖြစ်နေပြီ။ ‘ကဗျာ’ နဲ့မတွေ့လည်း ‘ကဗျာ’ ကိုသတိရလို့ ကဗျာရေးတယ်။ သီချင်းနားထောင်ရင်တောင် ကဗျာခေါင်းစဉ်ပါတဲ့သီချင်းကို နားထောင်ခဲ့တယ်။ လူတွေမမြင်မှာ ကျနော်က အရူးကြီးလုံးလုံး ဖြစ်နေခဲ့တယ်။ သတိရတိုင်း ရေးဖြစ်တဲ့ ကဗျာတွေက စာအုပ်တောင် ထုတ်လို့ရပြီ။ ကျနော်မှာ ကောင်းကင်ကိုကြည့်ရင်း ‘ကဗျာ’ ကိုလွမ်းနေမိတယ်။
အပြာရောင် ကောင်းကင်ကြီးအောက်
အသက်ရှင်နေတဲ့ “ကောင်းကင်” တစ်ယောက်
‘ကဗျာ’ နဲ့တွေ့မှ ဟိုမရောက်ဒီမရောက်…
အလွမ်းတ၀က် အဆွေးတ၀က်
ရေးတေးတေး အတွေးတွေထပ်
ချစ်စရာ ‘ကဗျာ’ အတွက်
ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပါရစေ..
ကလေးအတွေးကဗျာတွေနဲ့ ‘ကဗျာ’ တွေ့ရင် ရယ်နေမလား။ ကျောင်းပြန်တက်ရမယ့် ရက်ကလည်း မရောက်နိုင် မအောင့်နိုင်တာလည်း အမှန်ပဲ။ ‘ကဗျာ’ ကိုအချိန်တိုင်းလွမ်းနေမိတယ်။ သူကရော ငါဆိုတာကို မှတ်မိပါ့မလား။ ဒီလိုနဲ့ ဒုတိယနှစ် စတက်ရမယ့်ရက် ရောက်လာတော့တယ်။ ကျနော်မှာ သီချင်းလေး တညည်းညည်းနဲ့ ကျောင်းကိုပျော်ရွှင်စွာသွားခဲ့တယ်။ “မတွေ့တာကြာပြီဖြစ်တဲ့ ‘ကဗျာ’ ရယ် ငါအရမ်းလွမ်းနေပြီ…” ကျောင်းရောက်တော့ ကျနော်က ဆုံးဆည်းရာမှာ သီငယ်ချင်းတွေကို သွားရှာခဲ့တယ်။ အဲဒီကိုရောက်တော့ ဟိုကောင်တွေကို မတွေ့ ‘ကဗျာ’ ကိုသာတွေ့ခဲ့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ‘ကဗျာ’ မှာ အရင်ကထက် ပိုလှနေတယ်။ ဒါပေမယ့် ‘ကဗျာ’ မျက်နှာမကောင်းပါ။ ဘာဖြစ်နေပါလိမ့် အရမ်းကိုသိချင်နေမိတယ်။ မနေနိုင် မထိုင်နိုင်ပဲ ‘ကဗျာ’ ကိုထမေးမိတယ်။
“‘ကဗျာ’… မတွေ့တာကြာပြီနော် နေကောင်းတယ်မလား…” လို့ကျနော်မေးမိတယ်။ အဲဒီအချိန်မှာ ‘ကဗျာ’ က “ကျောင်းကအခုမှစဖွင့်တာလေ အခုမှတွေ့မှာပေါ့… နေမကောင်းရင် တွေ့မလား…” ကျနော် စိတ်နည်းနည်းညစ်သွားတယ်။ ‘ကဗျာ’ ကိုမေးစရာရှိတာနဲ့ မေးလိုက်တယ်။ “‘ကဗျာ’ ကိုမေးစရာရှိလို့… ကျနော်ပေးတဲ့ ကဗျာကို ဖတ်ဖြစ်ရဲ့လား…” ‘ကဗျာ’ က “ငါ့နာမည်က ‘ကဗျာ’ ကဗျာဆန်တာကို လုံးဝမကြိုက်ဘူး… ဖတ်လည်းမဖတ်ဘူး…” ကျနော်ဟန်မဆောင်တတ်အောင် အပြုံးပျက်သွားတယ်။ “ဘာလို့ ‘ကဗျာ’ က ကဗျာမကြိုက်တာလဲ… မခံစားတတ်လို့လား…” “ငါက ကဗျာဆိုတာ လျှာရိုးမရှိပဲ ရေးတဲ့စာလို့ထင်တယ်… ကဗျာရေးတဲ့သူတွေကလည်း စိတ်ဓာတ်မခိုင်တဲ့ သူတွေပဲ…” ကျနော်မှာ ထွက်ပြေးချင်စိတ်တောင်ပေါက်လာတယ်။ ငါတို့သွားတဲ့လမ်းက တူတယ်။ ယုံကြည်ချက်ကမတူဘူး။ ငါထင်တာက အချစ်နဲ့တွေ့တဲ့သူတွေက ကဗျာဆရာဖြစ်သွားတယ်။ “လူပဲ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့… ဒီလိုပြောာရင် လောကမှာ ကဗျာဆရာအတွက် နေရာဘယ်ရှိတော့မလဲ…” ကျနော်လဲ ဆက်ပြောနေရင်မထူးတာနဲ့ လှည့်ထွက်ခဲ့တယ်။ ကျောင်းတက်တဲ့ ပထမရက်က ရင်ခုန်သံတွေ အဓိပ္ပါယ်မဲ့နေခဲ့ပြီ။ ဒုတိယအကြိမ်တွေ့ခြင်းကလည်း ဆုံးဆည်းရာမှာပဲ။ ဒါပေမဲ့ ငါတို့အခြေအနေက ခွဲခွာရာရောက်နေပြီ။ ဒီလိုနဲ့ ကျနော်အတွက် ‘ကဗျာ’ ကိုချဉ်းကပ်ဖို့ လမ်းစပျောက်နေခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ဆုံဖို့လည်းမေ့နေခဲ့တယ်။ စာအုပ်လေးထုတ်လို့ လျှောက်ရေးနေမိတယ်။
နီးစပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလား။ မင်းနဲ့ဝေးရမှာ ငါကြောက်နေတယ်။ ချစ်တယ်ဆိုတာ ပြောရလွယ်တယ်။ ပြန်ရမယ့်တုံ့ပြန်မှုသာ မှန်းရခက်တယ်။ ကဗျာမကြိုက်တဲ့ ‘ကဗျာ’ အတွက် ငါရေးထားတဲ့ ကဗျာတွေကို ရင်ထဲမှာပဲ ထားလိုက်တော့မယ်။ ‘ကဗျာ’ မကြိုက်တဲ့ ပျော့ညံ့တဲ့စိတ်ကိုလည်း ငါဖျောက်ဖျက်မယ်။
ကျနော်မှာ ကြိမ်းဝါးနေတာ တကယ်တော့ မလုပ်နိုင်ခဲ့ပါ။ အခုဆို ခံစားချက်ကို ရင်ဖွင့်ဖို့ စာရွက်ပဲ အဖော်ရှိတော့တယ်။ ဒီလိုနဲ့ ကျနော်နဲ့ ‘ကဗျာ’ ရင်ခုန်သံ စည်းချက်ညီဖို့ ကျနော် ကြိုးစားခဲ့တယ်။ အတွေးတချက် ပြန်ဝင်လာလို့ ‘ကဗျာ’ ဘာဖြစ်နေပါလိမ့်။ ဟိုငနဲ ကြောင့်လား။ အတွေးတွေက မနက်ဖြန်အထိ နယ်ချဲ့ နေတယ်။ ရင်ထဲမှာလည်း ဟာတာတာနဲ့ ဘယ်လိုဖြစ်နေပါလိမ့်။ နေ့လဲ ‘ကဗျာ’ ညလဲ ‘ကဗျာ’ ဘယ်အရာမဆို ‘ကဗျာ’ မှ ‘ကဗျာ’ ပါပဲ။ ‘ကဗျာ’ မပါရင် မသာယာတော့ဘူး။ ‘ကဗျာ’ မင်းကြောင့်ငါရူးသွားရင်လည်း ရူးပါစေ။ ဒီလိုရူးနေတာကို ငါပျော်နေမိတယ်။
ပျော်နေမိတဲ့ အတွေးတစ်စ
ရင်ခုန်သံတွေကို အစိုးမရ
ယုံကြည်နေတဲ့ နီးစပ်ဖို့ဘဝ
ပျောက်ပျက်လာတဲ့ ငါတို့လမ်းစ…
ခံစားချက်နဲ့ သီကုံးတဲ့စာ
မမုန်းရက်ပါ ငါ့ရဲ့ဖက်မှာ
အရှုံးရက်တွေ တိုးပွားလာတာ
မတွေ့ဖြစ်တဲ့ နေ့ညတွေမှာ
တွေးဖြစ်နေတာ မင်းအကြောင်းတွေပါ…
ကျနော်ဘ၀မှာ ‘ကဗျာ’ မရှိရင်မဖြစ်တော့ဘူး။ ‘ကဗျာ’ ကကျနော့်ရဲ့ ဒီနေ့နဲ့ မနက်ဖြန်ကို ချိတ်ဆက်ပေးတဲ့ အရာတစ်ခု ဖြစ်နေပြီ။ တွေ့မိရင်တောင် မခေါ်ရဲ။ ‘ကဗျာ’ မုန်းမှာကို ကြောက်နေမိတယ်။ ဒီလိုနဲ့ ကျနော်မှာ ‘ကဗျာ’ ကို အဝေးကသာ ကြည့်နေမိတယ်။ သယ်ရင်းတွေကလည်း ဘယ်ရောက်နေမှန်းမသိ သူတို့ကို အပြစ်တင်မိတယ်။ ပြောရင်းဆိုရင်း သယ်ရင်းနဲ့ တွေ့ဖြစ်တယ်။ ကျနော်မှာ မပျော်နိုင်ပေါင်။ ဟာသတွေတောင် မရယ်ရနိုင်။ စိတ်တွေကလည်း ‘ကဗျာ’ ဆီမှာပဲ 24/7 ရောက်နေတယ်။ တတိယကြိမ်မှာလည်း ‘ကဗျာ’ နဲ့ ဆုံဆည်းရာမှာ တွေ့ဖြစ်ပြန်တယ်။
“‘ကဗျာ’တစ်ယောက်တည်းလား ဘာတွေလုပ်နေလည်း…” ကြောက်ကြောက်နဲ့ မေးရတာ ဘာပြန်ဖြေမလဲမသိ ဒါပေမယ့် ကျနော် ကံကောင်းခဲ့တယ်။ ‘ကဗျာ’ ဘာမှမပြောသေးပဲ စပြုံးပြတယ်။
“‘ကဗျာ’ လူစောင့်နေတာ… ကောင်းကင်ရော…”
“ကျနော်က ‘ကဗျာ’ ကိုတွေ့လို့ လာနှုတ်ဆက်တာ” ဒီလိုနဲ့ ခဏလောက်နှုတ်ဆိတ်ခဲ့တယ်။ နော်ကမှ ကျနော်က
“‘ကဗျာ’ က အရမ်းလှတယ်နော်… ‘ကဗျာ’ ရဲ့ အလှကို လူတွေ ခြွေရင် ခြွေလိမ့်မယ်… ကျနော်ဘယ်တော့မှ မခြွေဘူး… အဲ့ဒါဘာကြောင့်လဲသိလား…”
“ဟင်အင်း… မသိဘူး” ‘ကဗျာ’ မှာ စဉ်းစားနေတဲ့ ဟန်နဲ့
“ဒါက ကျနော် ‘ကဗျာ’ ကို မြတ်နိုးတာ…. တန်ဖိုးထားတာပဲ…”
“အို… မဖြစ်နိုင်ဘူး…. ‘ကဗျာ’ မှာစေ့စပ်ထားတဲ့လူရှိနေပြီ…”
“ကျနော်က ‘ကဗျာ’ ကို မြတ်နိုးတယ်ပြောတာပါ… ကျနော့်အချစ်မှာ ပိုင်ဆိုင်ခြင်းရမက်ကင်းတယ်… ‘ကဗျာ’ ပျော်နေရင် ကျနော် ပျော်တယ်… ကဗျာနဲ့ စတွေ့ခဲ့အချိန်မှာ ကျနော့်ကို နှလုံးသားက တောင်းဆိုလာတယ်… ကျနော့်ကို မှန်တချက်ပေးခဲ့တယ်…” ကဗျာမှာ ကြောင်တောင်တေင်ဖြစ်သွားတယ်။
“ဒီမှန်ကို ‘ကဗျာ’ ဘေးမှာအမြဲထားတဲ့… ကျနော့်ကို ဒီမှန်ထဲက ပုံရိပ်အဖြစ်နေပါတဲ့…” ‘ကဗျာ’ ပြုံးစိစိနဲ့ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ အနေလဲ ခက်သွားတဲ့ပုံပဲ။ ကျနော်ကလည်းသိချင်တာကို မေးလိုက်တယ်။
“‘ကဗျာ’ မေးစရားရှိတယ်…” သူကမေးလေဆိုတော့ ကျနော်လည်း အားမနာတန်းမေးခဲ့တယ်။
“ဟိုနေ့က ကဗျာရဲ့ စကားတွေက ဘယ်လိုကြီးလဲမသိဘူးနော်… ကျနော့် နားထဲမှာ ခါးသီးလွန်းတယ်…” ကဗျာက
“အော်… ဆော်ရီးပါ… အဲ့ဒီနေ့က ကဗျာစိတ်ညစ်နေလို့ တောင်းပန်ပါတယ်…”
“ရပါတယ်… ‘ကဗျာ’ ကို မြတ်နိုးတဲ့ လူတစ်ယောက်အတွက် ဒါက မပြောပလောက်ပါဘူး…. နောက်ဆို ဒီလိုဖြစ်ရင်ခေါ်လေ ကျနော်နားထောင်ပေးဖို့ အသင့်ပါပဲ… ဒါနဲ့ ‘ကဗျာ’ ကဘာလို့ ကဗျာမကြိုက်တာလဲ”
“မကြိုက်ဘူးဆိုလို့ မဟုတ်ပါဝူး… ဒီလိုပါပဲ… ဖတ်တော့ ဖတ်ပါတယ်…”
“ဒါဆို ကျနော်ပေးတဲ့ ကဗျာကိုရော ဖတ်လား…”
“ဘယ်ကဗျာလဲ…”
“စာမေးပွဲနောက်ဆုံးနေ့က ‘ကဗျာ’ အိတ်ထဲကို ထည့်ပေးလိုက်တဲ့ စာလေ….”
“မတွေ့ပါဘူး… ဘယ်ထဲထည့်ပေးလိုက်လဲ…”
“ဒါဆိုလဲထားလိုက်တော့ နောက်ကျနော်ရေးရင် ပေးဖတ်မယ်နော်… ကျနော့်ကဗျာက ‘ကဗျာ’ လောက်မလှပါဘူး… ‘ကဗျာ’ အတွက်တော့ အပျင်းပြေမှာပါ…”
“အိုကေလေ…” အဲ့ဒီအချိန်မှာပဲ နှစ်ယောက်သား ပြောစရာစကားမရှိတော့တာနဲ့ မျက်လုံးချင်း စကားပြောနေကြတယ်။
‘ကဗျာ’ ကြည့်လေ ချစ်လေပါလား၊ မင်းအကြည့်တွေက ငါ့ရင်ကိုထိလွန်းတယ်ကွာ ငါ့မျက်လုံးတွေကလည်း မင်းကိုပဲ Focus မိတော့တယ်။ တခြားလူတွေကို လူမှန်းတောင်မမြင်တော့ဘူး။ မှုန်ဝါးနေခဲ့ပြီ။ ဒီအချိန်မှာပဲ ငနဲသားရောက်လာတယ်။ ကျနော်လဲ အရှုပ်အထုပ်ရောက်လာတာနဲ့ နှုတ်ဆက်ပြီး ထွက်လာခဲ့တော့တယ်။ ရက်တွေကြာလာတာနဲ့ အမျှ ကျနော်နဲ့ ‘ကဗျာ’ တို့ သံယောဇဉ်ကြိုးတွေ အချင်းချင်းချိတ်ဆက်လာတယ်။ တွေရင်ခေါ်တဲံအဆင့်ကနေ အကူအညီလိုရင် ပေတဲ့ အဆင့်ကိုရောက်ခဲ့တယ်။
ကျနော့်ရဲ့ မနက်ဖြန်တွေဟာ ‘ကဗျာ’ ပါပဲ။ ‘ကဗျာ’ အတွက်တော့ ကျနော့်က ပါလဲ။
ဒီနေ့တော့ မိုးကောင်းကင်မှာ ညိုမည်းလို့ ‘ကဗျာ’ ရဲ့ ပတ်ဝန်းကျင်မှာလဲ ရာသီဥတု မသာယာလှ။ ကျနော့်မှာ ‘ကဗျာ’ အားငယ်တာကိုလဲမကြည့်ရက်ပေ။ ‘ကဗျာ’ ဆီကိုပဲ အပြေးအလွှားသွားမိတယ်။
“‘ကဗျာ’ နေမကောင်းဘူးလား…”
“ကောင်းပါတယ်… ကောင်းကင်အတန်းမတတ်ဘူးလား…” ကဗျာမှာ စိုးရိမ်နေတဲ့အကြည့်နဲ့
“‘ကဗျာ’ ရော… ကျနော့်မှာ ‘ကဗျာ’ ပျောက်လို့ လိုက်ရှာနေတာ… ကျနော်က ‘ကဗျာ’ ရဲ့ပုံရိပ်လေ… ‘ကဗျာ’ အတန်းထဲမရှိရင် ကျနော် ဘယ်လိုရှိနိုင်မလဲ…” ‘ကဗျာ’ မျက်နှာပြုံးလာတယ်။
“‘ကဗျာ’ ဘာဖြစ်နေလဲ.. ဘယ်သူ ‘ကဗျာ’ ကို ဘာလုပ်လိုက်လို့လဲ…” ကျနော့်မှာ စိုးရိမ်စိတ်တွေပိုကဲလာတယ်…
“ဒီလိုပါပဲ…”
“ပြောပါ ‘ကဗျာ’ ရင်ခွင့်ချင်ရင် ဖွင့်ပါ… ကျနော် နားထောင်ပေးဖို့ အသင့်ပါပဲ…”
“‘ကဗျာ’ မပြောတတ်ဘူး… ကိုယ့်အကြောင်းကို သူများကိုပြောရတာ စိတ်မပါဘူး…”
“ကျနော်က သူများမှ မဟုတ်တာ… ‘ကဗျာ’ ပုံရိပ်လေ…” ကျနော့် စကားတွေက နည်းနည်းလွန်သွားတယ်။ ‘ကဗျာ’မှာ မရိပ်မိခဲ့ဘူး။ ဒီလိုနဲ့ ‘ကဗျာ’ မျက်ရည်တွေကျလာတယ်။
“‘ကဗျာ’ မငိုပါနဲ့… ငိုတယ်ဆိုတာအရှုံးပေးတာ… ဘယ်သူ့ကိုမှ အရှုံးမပေးရဘူး… ကျနော်ရှိတယ်…”
“‘ကဗျာ’ မငိုပါဘူး… ၀မ်းနည်းတာပါ…”
“ဘာလို့လဲ”
“ကိုအောင်လေ… သူရှုပ်နေတဲ့ သတင်းတွေကိုကြားနေရလို့…” ကျနော့်မှာ ဟိုငနဲကြီးကို တင်းနေတာက တစ်မျိုး။ ‘ကဗျာ’ ကသူ့ကိုချစ်နေတာကို သိသွားတာကတစ်မျိုး။ ဂယောက်ဂယက် ဖြစ်နေခဲ့ပြီ။ ကျနော် အချိန်မှီပြန်ပြုံးလိုက်ပါတယ်…”
“‘ကဗျာ’ မဟုတ်လောက်ပါဘူး… ကောလဟာလဖြစ်မှာပါ… ‘ကဗျာ’ ကိုယ်တိုင်မြင်လို့လား…. မမြင်ရင်မယံနဲ့… လူတွေက ‘ကဗျာ’ကိုစိတ်ဆင်းရဲအောင်လုပ်တာနေမှာပါ” ကဗျာရဲ့ ငိုနေတဲ့မျက်နှာတွေ တဖြေးဖြေး အရောင်ပြန်တက်လာတယ်…
“ဟုတ်မှာပါလေ… ‘ကဗျာ’လဲ မျက်မြင်ကိုပဲ ယုံသင့်ပါတယ်…” ‘ကဗျာ’မှာ ချစ်စရာကောင်းယုံမက ကျနော့်စကားကိုလဲ လွယ်လွယ်ကူကူလက်ခံနိုင်ပါလား။ ဒါပေမယ့် ‘ကဗျာ’ နှလုံးသားက ဟိုငနဲသားစီရောက်သွားပြီ။ ဒါတွေကို တွေးရင်းနဲ့ စိတ်လေလာတယ်။ ကျနော်လဲ စိတ်ဓာတ်ကျစွာ အဓိပတိလမ်းပေါ်လျှောက်လို့ ကျောင်းမှာမနေချင်တော့တဲ့အဆုံး ထိုင်တတ်တဲ့ Season ကော်ဖီဆိုင်ကို ဦးတည်ခဲ့တယ်။ အဲ့ဒီမှာစတွေ့တာပါပဲ။ ဟိုငနဲက ကောင်မလေးတစ်ယောက်နဲ့ ဆိုင်ထိုင်နေတယ်။ မုန့်တွေပါတွေကျွေးလို့ ကြည်နူးနေတယ်။ ‘ကဗျာ’ မှာတော့ ငိုနေရတယ်။ လောကကြီးက မမျှတပါဘူး။ ရှိတဲ့လူတွေကျတော့ တစ်ယောက်ပြီးတစ်ယောက်။ မရှိတဲ့လူတွေအတွက်တော့ လက်တွဲဖို့တောင် မျှော်လင့်ချက်က နည်းနေတယ်။ ဒီမြင်ကွင်းကို မြင်တာနဲ့ ကျနော့် ဒေါသတွေပေါက်ကွဲထွက်လာတယ်။
“ကိုအောင် နေကောင်းတယ်နော်…”
“မင်းဘယ်သူလဲ…”
“ကျနော်က ‘ကဗျာ’ သူငယ်ချင်းလေ…”
“ဘယ်က ‘ကဗျာ’ လဲ… ဟိုငနဲမှာ ဟိုကောင်မလေးမသိအောင် ရုပ်ရှင်ရိုက်နေသေး…”
“ဘယ်က ‘ကဗျာ’ လဲ ဟုတ်လား….” မထိန်းနိုင်တဲ့ အဆုံး ငနဲကို လက်သီးနဲ့ သုံးချက်ထိုးလိုကတယ်။ နှုတ်ခမ်းတွေကွဲပြီး သွေးတွေစီးကျလာခဲ့တယ်။ လူတွေအားလုံးကလဲ ကျနော်တို့ဆီကို အာရုံရောက်လာတယ်။ ကျနော်လည်း ကော်ဖီသောက်ချင်စိတ်မရှိတော့တာနဲ့ ထွက်လာခဲ့တော့တယ်။ လူတွေက ဘာတွေလဲ မာယာများလှချီလား။
လူတွေပြောနေတဲ့ ကောလဟာလ
အဲ့ဒါတွေက လောကသဘာဝ
ရှုပ်ထွေးနေတဲ့ လူ့လောကကြီးက
‘ကဗျာ’ အတွက်တော့ ရှင်းလင်းနေပါစေ…
သတင်းစကားတွေကြောင့် အငြင်းပွား
အတင်းမဖျားအောင် ငါ့မှာဖြောင့်ဖြ
တောင်းတခဲ့တဲ့ မင်းနဲ့အတူဆောင်မဲ့ဘဝ
ငါရောက်ခဲချိန်က နောက်ကျခဲ့ပြီ…
ကျနော့်မှာ ကိုယ်လုပ်တာမှန်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ် ‘ကဗျာ’ နဲ့ နောက်တစ်နေ့တွေ့တော့ ‘ကဗျာ’ ဆီက ကျေးဇူးစကား မကြားရပဲ ဟိုငနဲက ဘေးရောက်နေခဲ့တယ်။
“‘ကဗျာ’ ဒီကောင်မကောင်းဘူး… အဲ့ဒီကောင် ရှုပ်နေတယ် သူ့ကိုမယုံနဲ့” အဲ့ဒီအချိန်မှာပဲ ကျနော်ရဲ့ ပါးကို သူနာကြဉ်းစွာ ရိုက်ခဲ့တယ်။
“ဘာဖြစ်လို့ ရိုက်တာလဲ…”
“ငါနင့်စကားမယုံဘူး… ငါကိုယ်တိုင်မြင်မှ ယုံမယ်… နင်ကိုအောင်ကို ထိုးခဲ့တဲ့အတွက်… ကိုအောင်ရဲ့ အကြွေးကို ငါဆပ်လိုက်တာ… နင့်ကိုငါမမြင်ချင်ဘူး… နင်ငါ့အရှေ့ကထွက်သွားတော့…”
ကျနော့်မှာ မျက်ရည်တွေကျလာခဲ့တယ်။ ဘာလုပ်ရမလဲ မသိတော့ဘူး။ ‘ကဗျာ’ကိုမတွေ့ရတော့မှ ဒီတက္ကသိုလ်ဆိုတာလည်း အသက်မ၀င်တော့ပါဘူး။ ကျနော်လည်း အဝေးသင်ပြောင်းခဲ့ပါတယ်။ ‘ကဗျာ’ ရဲ့ အနားမှာ မနေရတော့ပေမယ့် ‘ကဗျာ’ ရှိတဲ့နေရာတိုင်းမှာ ကျနော်ရှိခဲ့ပါတယ်။ နေ၀င်လိုက် နေထွက်လိုက်နဲ့ အချိန်တွေကုန်ခဲ့တာပဲ။ ကျနော်တို့ လမ်းလဲ ပျောက်ခဲ့ပါပြီ။ စောင့်ခဲ့တဲ့အချိန်တိုင်းမှာလဲ ကျနော်က တစ်ယောက်ထဲပါပဲ။
ကြံရာမရတဲ့ အချိန်မှာ
ရှာကြံမရတဲ့ ပျော်စရာတွေနဲ့
တန်ပြန်လာတဲ့ ဝေဒနာတွေက
ခံရတဲ့ငါ့အတွက် ဖြေစရာမဲ့နေခဲ့ပြီ…
ကောင်းကင်ပေါ်မှာ ပျော်နေတဲ့ငှက်
သန်းခေါင်ရံမှာ တောင်ပနေတဲ့ကြယ်
ငါ့ရင်မှာ မင်းအမြဲရှိတယ်
ပြောင်းလဲခြင်းမြန်တဲ့ လောကကြီးရယ်
မနက်ဖြန်တိုင်းမှာ သူ့အနားရှိချင်တရ်…
‘ကဗျာ’ ရဲ့ ထာဝရ ‘ကောင်းကင်’
31th July 2010
Comment #1
ဖြစ်မှဖြစ်ရလေ…..တ အားမိုက်တယ် စိတ်ကူလေးက