လောကကြီးထဲလမ်းလျှောက်ထွက်ခြင်း…..
မှုန်ပျပျ အနာဂတ်တွေ
ချည်တိုင်မဲ့ ပန်းတိုင်တွေ…
လေနှင်တိုင်းလွင့်ခဲ့တဲ့
တိမ်တွေနဲ့ဘာမှမထူးတော့ဘူး………
နေတော့မညိုသေးဘူး
ဒါပေမယ့်…
လက်ထဲကစီးကရက်ကတော့
တော်တော်တိုနေပြီ……
နေမ၀င်ခင်ကတည်းက
ကြိုမှောင်နေတဲ့ ရင်ဘတ်ထဲမှာ
အလင်းဆိုတာမရှိခဲ့တော့….
အချစ်ကိုလိုက်ရှာဖို့ဆိုတာ
အိပ်မက်တောင်မမက်ရဲဘူး…
ငွေအကြွေတချို့ထွက်ပြေးသွားတဲ့အချိန်
ကုန်သွားတဲ့လက်ဖက်ရည်ကိုပဲတမ်းတတယ်…..
ဖြစ်နိုင်ရင်….
စီးကရက်လေးတစ်လိပ်လောက်
ထပ်သောက်ချင်သေးတယ်….
တစ်စီးနှစ်စီး….
လှလိုက်တဲ့ ကားလေးတွေ
တခါတလေမှာ
ကန့်သတ်ချက်တွေကိုကျော်ပြီး…
ပေါ့ပေါ့ပါးပါးမပျံဝဲနိုင်ခင်မှာ
စည်းကမ်းတွေကို ခွစီးထားလိုက်ချင်တယ်
အလို..ရှေ့ကငါလဲမဟုတ်ပါလား
မာနတွေတောင် ကျဲလို့…
တက်ကြွခြင်းတွေလျော့တိလျော့ရဲနဲ့
အသက်မပါတဲ့အပြုံးတွေ…
အင်းး..ငါမှန်မကြည့်တာမိတာ
တော်တော်တောင်ကြာနေပြီကိုးးး…..
အပြင်မှာနေတော်တော်ပူတယ်
မုသားတွေကိုလက်တွဲပြီး…
လောကကြီးထဲလမ်းလျှောက်လိုက်ဦးမယ်….
နဲနဲတော့ကြာမယ်
ငါ…ပန်းတိုင်ဆိုတာကိုလိုက်ရှာမလို့….
မျှော်လင့်ချက်နဲနဲလောက်ထည့်ပေးလိုက်ပါလား….
လမ်းပျောက်ခဲ့ရင်…
ငါ့အတ္တတွေမီးထွန်းပြီးပြန်ခဲ့မယ်…
လောလောဆယ်တော့…
ငါ..
လမ်းဆုံမှာတွေဝေနေတုန်းပဲ…………။ ။
Comment #2
နေတော့မညိုသေးဘူး
ဒါပေမယ့်…
လက်ထဲကစီးကရက်ကတော့
တော်တော်တိုနေပြီ……
နေမ၀င်ခင်ကတည်းက
ကြိုမှောင်နေတဲ့ ရင်ဘတ်ထဲမှာ
အလင်းဆိုတာမရှိခဲ့တော့….
အချစ်ကိုလိုက်ရှာဖို့ဆိုတာ
အိပ်မက်တောင်မမက်ရဲဘူး…
ကောင်းတယ်…ဗျ
Comment #3
အားပေးသွားပါတယ်။
ကိုလွမ်းနောင်။
Comment #5
မုသားတွေကိုလက်တွဲပြီး…
လောကကြီးထဲလမ်းလျှောက်လိုက်ဦးမယ်….
နဲနဲတော့ကြာမယ်
ငါ…ပန်းတိုင်ဆိုတာကိုလိုက်ရှာမလို့….
မျှော်လင့်ချက်နဲနဲလောက်ထည့်ပေးလိုက်ပါလား….
လမ်းပျောက်ခဲ့ရင်…
ငါ့အတ္တတွေမီးထွန်းပြီးပြန်ခဲ့မယ်…
လောလောဆယ်တော့…
ငါ..
လမ်းဆုံမှာတွေဝေနေတုန်းပဲ…………။ ။
ကောင်းတယ်ဗျာ..တကယ်…
Comment #1
မာနတွေတောင် ကျဲလို့…
တက်ကြွခြင်းတွေလျော့တိလျော့ရဲနဲ့
အသက်မပါတဲ့အပြုံးတွေ…
အင်းး..ငါမှန်မကြည့်တာမိတာ
တော်တော်တောင်ကြာနေပြီကိုးးး…