ရှိစေချင်ခဲ့ပါတယ်
တစ်ခါတစ်လေ.
ငါလေသူ့အပြောမှာ မြောမြောသွားတယ်
ဒါပေမဲ့.. သူပြောနေတာ ငါ့အကြောင်းမဟုတ်ခဲ့ပါဘူး…
တစ်ခါတစ်လေ…
သူ့အပြုံးမှာ ငါယစ်မူးသွားတယ်
ဒါပေမဲ့…သူပြုံးခဲ့တာ ငါ့အတွက်မဟုတ်ခဲ့ပါဘူး…
တစ်ခါတစ်လေ..
သူစိတ်ညစ်..၀မ်းနည်းတဲ့အခါ
ငါဝမ်းနည်းစိတ်မကောင်းဖြစ်ရပေမဲ့
သူဝမ်းနည်း .စိတ်ညစ်ရတာ ငါ့ကြောင့်မဟုတ်ခဲ့ဘူးလေ..
တစ်ခါတစ်လေ တော့ရှိစေချင်တယ်..
ငါ့ကို ချစ်တဲ့အကြောင်း ..ကြားချင်ခဲ့တယ်
ငါ့ကြောင့်ပြုံးတဲ့အပြုံး..မြင်ချင်ခဲ့တယ်
ငါ့တွက် ၀မ်းနည်းစိတ်ညစ်ခဲ့ရင်
ငါပြန်ရှင်းပြပြီး တောင်းပန်တဲ့ခံစားမှုလေးကိုခံစာဖူးချင်တယ်
့
Comment #2
good idea,,
go ahead
By: ei lay at Jan 14, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်ခါတစ်လေ တော့ရှိစေချင်တယ်..
ငါ့ကို ချစ်တဲ့အကြောင်း ..ကြားချင်ခဲ့တယ်
ငါ့ကြောင့်ပြုံးတဲ့အပြုံး..မြင်ချင်ခဲ့တယ်
ငါ့တွက် ၀မ်းနည်းစိတ်ညစ်ခဲ့ရင်
ငါပြန်ရှင်းပြပြီး တောင်းပန်တဲ့ခံစားမှုလေးကိုခံစာဖူးချင်တယ်
့တကယ်ကောင်းတယ်ဗျာ။ကျွန်တော်အတွက်ရေးထားသလိုပဲ။
အားပေးပါတယ်။ဆက်ရေးပါအုံး။