မြစ်ကော
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေသည်။
ရေဝေတောတွေ ဆိုင်းဆို့ဆို့
မှိုင်းညို့ညို့မှုံရီ။
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။
တစ်တောလုံးပြောင်
တစ်တောင်လုံးလင်း
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မျှော်မြန်မာ ပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အဖြစ်သဘော
မြစ်ကောတဲ့နေ့။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်တောလုံးပြောင်
တစ်တောင်လုံးလင်း
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မျှော်မြန်မာ ပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အဖြစ်သဘော
မြစ်ကောတဲ့နေ့။
(ကောင်းတယ်နော်…….ရှိသေးရင်တင်ပေးပါအုံးနော်x)