မိုးခါးရေကန်ထဲကလမင်းအက်သံ (terry)
ချုပ်နှောင်မှု့အသစ်တွေနဲ့
အိပ်မက်ဟောင်းတွေမက်နေဆဲ……
မရေရာတဲ့မနက်ဖြန်အတွက်
စိတ်တစ်ခုကိုတည်
စိတ်တစ်ခုနဲ့စား
အကြွင်းကို
လိုအပ်မှု့လို့ပဲ…..ထားလိုက်ရအောင်။
ကဗျာဆရာရဲ့စကားလုံးဆိုတာ
ခွဲစိတ်ပြီးသားသမိုင်းတစ်ခုကရတဲ့
သွေးအလိမ်းလိမ်းနဲ့
ကျည်ခွံသက်သက်ပါပဲ…….
ယုံကြည်ရန်မလိုအပ်ပေမယ့်
အင်္ကျီကိုဖွင့်ဖတ်ကြည့်ပါ…
သူတို့…….
ဘ၀ နဲ့ ရင်ဘတ်မှာ
ကျည်ရာတွေကိုတွေ့လိမ့်မယ်။
ပေါ့ပေါ့ပါးပါးဆိုတဲ့စကား
ကြားတိုင်း…….
မိုးပျံပူဖောင်းပဲ…
ပြေးပြေးမက်နေတယ်..
နားလည်ပါတယ်……
အမြင့်ဆုံးကိုရောက်ရင်
အနိမ့်ဆုံးကိုပြန်လျှောက်ရဦးမှာပေါ့…
..ဒါပါပဲ……..
ကိုယ့်ကိုယ်ကိုမသတ်နိုင်သ၍
အများဆိုင်နာမ်အရိပ်တွေနဲ့
ပတ်သတ်နေရဦးမှာပဲ..။
ရှင်ရင်းနဲ့သေတယ်
နိုင်ရင်းနဲ့ရှုံးတယ်
တကယ်ဆိုရင် ငါဟာ..
ခံစားချက်ကိုသစ္စာဖောက်ပြီး
ဦးဏှောက်ကိုကျွန်ခံနေတဲ့
အယုတ်ညံ့ဆုံး…သူလျှိုဒလံပါပဲ ။
ငုံ့ပြီးလည်းကြည့်ဖူးရဲ့…….
မော့ပြီးလည်းကြည့်ဖူးရဲ့……
ကိုယ့်အရိပ်နောက်
ကိုယ်ပြန်လိုက်နေတဲ့
လူမိုက်တွေနဲ့လည်း
လမ်းလျှောက်ခဲ့ဖူးတယ်။
တချို့က…
ရယ်မောရမယ့်အချိန်
ငိုကြွေးနေကြသလို
တချို့က…
ငိုကြွေးရမယ့်အချိန်
ရယ်မောနေကြတယ်။
အမှန်ဆုံးကတော့
လောကဆိုတာ
ကိုယ့်ခြေရာကိုယ်
နောက်တစ်ကြိမ်ပြန်နင်းခွင့်မရှိတဲ့
တံတားတစ်စင်းပါပဲ…ကွယ်။
အားလုံးကိုပေးဆပ်ရင်းနဲ့
အားလုံးကိုပိုင်ဆိုင်နိုင်ခဲ့ပြီ။
မီးနဲ့အသံထွက်ဆင်တဲ့
ကစားပွဲရယ်……
အရင်ဘ၀က
အလျော်အစားကုန်ရင်
ကျွန်ုပ်ကိုခွင့်ပြုပါတော့…
ညှို့ချက်မိနေတဲ့ရထား
ဒီဘူတာနားပဲ
ပြန်ပြန်လာနားနေရတာ…………(မော)တယ်။
အားလုံးကိုစွန့်လွှတ်လိုက်ပြီး
ဆုံးရှုံးမှာမကြောက်ဖြစ်တော့တဲ့
မြေသားမျက်လုံးနဲ့လွှမ်းခြုံကြည့်ရင်း
သက်ပြင်းတစ်ချက်
အနူးညံဆုံးလက်သွားတယ်….
အလင်းလာမှ
အရောင်ဟပ်တတ်တဲ့
ဒြပ်ဝထ္ထုဇာတ်မှာ….
လူလိုသူလိုမဖြစ်ရင်တောင်
ကဗျာလိုငါလိုတော့ဖြစ်နေဦးမှာပါ။
terry
[email protected]
Comment #2
ကဗျာဆရာရဲ့စကားလုံးဆိုတာ
ခွဲစိတ်ပြီးသားသမိုင်းတစ်ခုကရတဲ့
သွေးအလိမ်းလိမ်းနဲ့
ကျည်ခွံသက်သက်ပါပဲ
တစ်ပုဒ်လုံးကိုရင်ထဲငြိတယ်ဗျာ ဒီတစ်ပိုဒ် ကိုတော့အကြိုက်ဆုံးပဲ
Comment #3
ကောင်းတယ်ဗျာ . . . ကို တယ် ရီ ။. အားပေးလျက် . . . .
Comment #4
bar tway hman tay char dot ma ti bu.
phat loh dot a yan kaung de.
choke hnaung hmu a tit tway ne,,,
lane lane mar mar hta min hman hman sar dot me.say hman hman tauk dot me.
he,,he,,
arr lone ko sunt hlut like p tay ya hmar ma kyauk dot aung kyoe sar dot me.
he,,he,,
Comment #5
ကဗျာကောင်းတစ်ပုဒ်ဘဲ ဖတ်တယ် အားပေးတယ် ။
Comment #6
ကဗျာဆရာရဲ့စကားလုံးဆိုတာ
ခွဲစိတ်ပြီးသားသမိုင်းတစ်ခုကရတဲ့
သွေးအလိမ်းလိမ်းနဲ့
ကျည်ခွံသက်သက်ပါပဲ…….
ယုံကြည်ရန်မလိုအပ်ပေမယ့်
အင်္ကျီကိုဖွင့်ဖတ်ကြည့်ပါ…
သူတို့…….
ဘ၀ နဲ့ ရင်ဘတ်မှာ
ကျည်ရာတွေကိုတွေ့လိမ့်မယ်။
ကြိုက်တယ်ကိုတယ်ရီ…အားပေးသွားပါတယ်။
Comment #7
ဘာမှမပြောခဲ့ဘူး ဗျာ…ဘဘကြီး..က ..တော်လွန်းတယ်
Comment #8
အင်း…မဆိုးပါဘူး…အဲ့ဒါ ဘာကိုဆိုလိုတာလဲ.ဟင်..နားမလည်လို့ပါ
ငုံ့ပြီးလည်းကြည့်ဖူးရဲ့…….
မော့ပြီးလည်းကြည့်ဖူးရဲ့……
ကိုယ့်အရိပ်နောက်
ကိုယ်ပြန်လိုက်နေတဲ့
လူမိုက်တွေနဲ့လည်း
လမ်းလျှောက်ခဲ့ဖူးတယ်။
Comment #9
အလင်းလာမှ
အရောင်ဟပ်တတ်တဲ့
ဒြပ်ဝထ္ထုဇာတ်မှာ….
လူလိုသူလိုမဖြစ်ရင်တောင်
ကဗျာလိုငါလိုတော့ဖြစ်နေဦးမှာပါ။ so good !
Comment #10
ပြောင်မြောက်ပါတယ် ကိုတယ်ရီရေ
Comment #1
တကယ်ဆိုရင် ငါဟာ..
ခံစားချက်ကိုသစ္စာဖောက်ပြီး
ဦးဏှောက်ကိုကျွန်ခံနေတဲ့
အယုတ်ညံ့ဆုံး…သူလျှိုဒလံပါပဲ ။
အားပေးပါ၏…:)