ငတုံး
ငါဧ။်ရင်၌ဖြစ်သောအသည်းပန်း
မင်းဆံသားထက်ဆင်မြန်းပါချစ်သူ
တစ်လောကလုံးမင်းအလှဆုံးဖြစ်နေမှာပါ
ဘာလို့လဲဆိုတော့
ကိုယ်ကမင်းအပေါ်အလှပဆုံးစိတ်နှလုံးကို
ထားသူထဲကတစ်ဦးမို့လို့ပါ။
မင်းစိတ်ချမ်းသာရာနေရာမှာ
မင်းပျော်မွှေ့နိုင်ပါတယ်
ကိုယ့်ရင်ခွင်မှမဟုတ်ပါဘူး
ကြိုက်တဲ့ရင်ခွင်ပေါ့
ကိုယ်စိတ်မနာစိတ်မဆိုးဘူးဆိုတာ
မင်းအသိဆုံးပါ။
မင်းလည်းနားလည်ပါတယ်
ကိုယ်ကတကယ်တော့သိသိကြီးနဲ့ငြိမ်ခံနေတဲ့
ငတုံးတစ်ကောင်ဆိုတာ။…….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ko sate ma nar sate ma soe bu so tar,,
min a ti sone par.
min le nar le par de.
ko ka da ke dot ti ti g ne nyein khan nay de,,
nga tone ta kaung so tar,