နွေရာသီ လမ်းခွဲ
စိန်ပန်းနီရိပ် ခုံဝိုင်းနိမ့်မှာ
လက်ချင်းချိတ်လျှက်
ထွေရာလေးပါး စကားများခဲ့။ ။
ပေါင်းကူးအတန်းတွေ အသွားမှာ
နေပူတာ အရေးမထားနိုင်
ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေနဲ့…..
မြိုင်မြိုင်ဆိုင်ဆိုင် စကားတွေဖေါင်ဖွဲ့။ ။
major ချိန်မှာ စာသင်တာ တအားများရင်
ဆရာ၊ဆရာမအနားမှာ ၀ိုင်းလို့ဂျီကျ
အချိန်ပိုရမှ ကိုယ်တို့ သဘောကျခဲ့။ ။
အတန်းဆင်းရင် ကျောင်းတော်က အထွက်
ကုက္ကိုလ်ပင်ညိုလမ်းထက်မှာ
အလုအယက်စကားတွေပြော
သတင်းအချက်အလက်ရရင်မမော။ ။
ဒီလိုနဲ့ Time Table ထွက်ရင်
အကျပ်ရိုက်…….
စာတွေကို တက်သုတ်ရိုက်ဖြည့်ပြီး
ကသုတ်ကရက် ကျက်ရတာလည်း မမော။ ။
စာမေးပွဲခန်းထဲကအထွက် တစ်ယောက်လက်တစ်ယောက်ဆွဲ
အဖြေတွေလွဲခဲ့ရင်တောင်
အပြန်အလှန်အားပေး
ဘယ်တော့မှ စိတ်မလေးခဲ့ဖူး။ ။
နောက်ဆုံးတစ်ရက် ကျောင်းတော်က အထွက်
လက်ပြနှုတ်ဆက်ကြရင်း…….
စို့တက်လာတဲ့ မျက်ရည်တွေကြား
အပြန်အလှန်အားပေး
သတိရဖို့စကားလေးတွေဖလှယ်
အသက်နဲ့ခန္ဓာမြဲသရွေ့ တော့
ဘယ်တော့မှ စွဲမမေ့တော့မဲ့
နွေရာသီလမ်းခွဲတစ်နေ့ပေါ့ကွာ…….။ ။
မိတ္ထီလာ နည်းပညာ ကျောင်းတော်တက်ဖက် သူငယ်ချင်းအားလုံးကို
အမှတ်တရ ရေးဖွဲ့ သည်…….
စစ်အေးငြိမ်း
Comment #1
ထပ်တူထပ်မျှပါပဲဗျာ .. ဒီကဗျာလေးကိုဖတ်လိုက်တာ သူငယ်ချင်းတွေကိုသတိရသွားတယ်ဗျာ .. 🙂