Professional Authors

ကြေငြာရှင်းတမ်း

 

 

အတွေ့အထိ မရှိတဲ့ ငါ

အထပ်ထပ် အထိနာတာတောင်

နှလုံးသာထဲမှာ တသသနဲ့

မျှော်မှန်း တမ်းတနေတုန်းပဲလား။   

မင်းရဲ့ သံစဉ်တွေနဲ့

မင်း ပြောခဲ့သော စကား

ငါ့နှလုံးသား အသဲကြားမှာ

တုန်ရီမောဟိုက်စွာ နာကျင်မှုများနဲ့

တဆက်ဆက် နာနေတုန်းပဲ။

ချစ်မုန်းမသုန်းသော မျက်လုံးအစုံနဲ့

သံယောဇဉ် မကုန်သေးသော်လည်း

မဟူရာညချမ်းမှာ နာကျင်စွာဖြင့်

တိတ်တိတ်လေး ကြိတ်မှိတ်ကာ

ဆက်၍ ဆက်၍ ခံစားခွင့် ပြုပါ။     

တကယ်ပါ….ဟုတ်ပါတယ်….

မင်း ပြောခဲ့သလို ငါဟာ အညတရ

ဝေးခဲ့ရင်တောင် လွမ်းလောက်စရာ

မှတ်တမ်းအတွင်း တသသ မရှိခဲ့ပါဘူး…..  

မင်း အတွေး၊ မင်း ကမ္ဘာ၊

မင်း တည်ဆောက်သော မင်း အသိမှာ စွဲလန်းခဲ့တာ

ပကာသန ဖွဲ့သော ဂုဏ်သက်သက်ပဲလား။  

စက္ကန့် မိနစ် ရွေ့လျားသော တချိန်ချိန်မှာ

မင်း တပ်မက်တဲ့ ဂုဏ်ပကာသန

ဖြေရှင်းကာ ခဝါ ချပြီး

ငါ့ရှေ့သို့အရောက်

လက်မြှောက် ဒူးထောက်လို့

ရောက်ခဲ့ရင်တောင် ခွင့်လွတ်မယ် မထင်နဲ့….။

ရှည်လျားသော သံသာရာ တကွေ့မှာ

ပြန်ဆုံကာ မတွေ့ပါစေနဲ့လို့ တောင်းဆုပြုရင်း

မင်းနဲ့ ပတ်သက်ဖူးသော ငါ့အသဲ တခြမ်းကို

ငါကိုယ်တိုင် အကြွင်းအကျန်မရှိ

လောင်တိုက်သွင်းလို့ သဂြုဟ်ပစ်မယ်

စိတ်နာလွန်းလို့ အတိက်မကျန်စေချင်……….။

 

 

တက္ကသိုလ်မြတ်မင်း (ရာမည)

In: ကဗျာ Posted By: Date: Sep 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment