လှတွေစုံပေ ဇာတိမြေ
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
အောက်ဝှမ်းမြန်မာပြည် ၊ တောက်လျှမ်းသာပေ
မွန်ရာမည ၊ ခေါ်တွင်ကြ၏။
ရာမညမြေ ၊ မေ့မရပေ
ဇာတိရိပ်မြုံ ၊ မွေးမုဒုံ။။
ရွှေဆင်းစပါး၊အထင်းသားကို
တွေ့လိုမြင်လို ၊ ရှုချင်တယ်ဆို
လယ်ယာစိုဝင်း ၊ စိုက်ပျိုးခင်းကို
ဝင်လှည့်ခဲ့ပါ ၊ ဖိတ်ခေါ်သာ၏။
မားမားတည်တံ့ ၊ တန်ခိုးထွက်သည့်
ကန်ကြီးစေတီ ၊ မှန်မညီးပေသည်
ကြည်ညိုရှုစ ၊ ဖူးကြရမည်။
ဆည်းလည်းလှိုက်သံ ၊ လွင့်ပျံမိုးယံ
သားညောင်းသင့်ညိမ့် ၊ နားဆင်ရချိမ့်။
အဇင်းဆည်ကြီး ၊ ရေပေးပြီး
သီးနှံအများ ၊ ပျိုးစိုက်ထားသည်။
တောင်ကျိုက်ကမော့ ၊ ရှုကြည့်ပေါ့
ထွေလာဆန်းပြား ၊ ရေမြေများ
စိုပြည်သာယာ ၊ မြင်ရမှာ။၊
ပညာရနံ့၊လွန်မွှေးပျံ့သည့်
မကျဉ်းမကျယ်၊မြို့လေးဝယ်
စားရေရိက္ခာ၊ကောက်ပဲသီးနှံ
ပေါများအလျှံပယ်။။
ရေမြေတောတောင် ၊ ရှုပေါင်းစုံသည်
ပညာလည်းကျွေး ၊ သတင်းမွှေးသည့်
လှတွေစုံပေ ၊ ဇာတိမြေ။။
မျိုးသူထက်(17.12.2006)
Comment #1
ကဗျာလေးကကောင်းပါတယ်……….ရေးတာလေးကိုတော့နဲနဲပြင်ပေးနော် .