မပြန်ချင်ပေမယ့်… ပြန်ရတော့မယ်
နင့်ရဲ့အနားရှိနေတဲ့ခဏ
နင့်အပြုံးတွေငေးကြည့်နေရတဲ့ခဏ
နင့်ရင်ခုန်သံကိုနားစွင့်နေရတဲ့ခဏ
နင့်ရယ်သံတွေနဲ့အတူ
ကြည်နူးနေရတဲ့ခဏ…
ငါအရာအရာကိုမေ့သွားတယ်……..
ငါမပြန်ချင်ဘူး…..
ငါငေးကြည့်နေချင်သေးတယ်
ငါနားစွင့်နေချင်သေးတယ်
ငါကြည်နူးနေချင်သေးတယ်…
ဒီထက်မပိုပါဘူး..
ငါကျေနပ်တယ်
ငါ့အတွက်လုံလောက်တယ်
နင့်အနားရှိနေရတဲ့တခဏတွေကို
ခဏလောက်ရပ်တန့်ထားလိုက်ချင်တယ်…
သဘာဝတရားကြီးကိုတောင်းပန်ချင်တယ်
ကျေးဇူးပြုပြီးတော့….
ခြားနားထားတဲ့မိုင်များစွာကိုတိုက်စားပေးပါ……….
ဝေးဝေးကလွမ်းရတဲ့နေ့တွေကိုရပ်တန့်ပေးပါ…….
သူ့အနားမှာရှိနေခွင့်ပေးပါ……
သူ့အပြုံးတွေ ပိုင်ဆိုင်ခွင့်ပေးပါ………..
ထာဝရအတွက် သူ့ရင်ထဲမှာ
ကျွန်တော့်ကိုနေခွင့်ပေးပါ……
ဖြည့်ဆည်းပေးပါ…
အားလုံးကိုပြောပြချင်တယ်ဗျာ
ကျွန်တော်မပြန်ချင်သေးဘူး…………။ ။
P.S.အခက်အခဲတွေကြားကနေ ချစ်သူအနားရောက်နေတဲ့ခဏတွေကို နှမြောမိတယ် ကျွန်တော်မပြန်ချင်သေးဘူးဗျာ….
Comment #2
ငါငေးကြည့်နေချင်သေးတယ်
ငါနားစွင့်နေချင်သေးတယ်
ငါကြည်နူးနေချင်သေးတယ်…
ဒီထက်မပိုပါဘူး..
ငါကျေနပ်တယ်
ငါ့အတွက်လုံလောက်တယ်
နင့်အနားရှိနေရတဲ့တခဏတွေကို
ခဏလောက်ရပ်တန့်ထားလိုက်ချင်တယ်…
Comment #4
အားပေးသွားပါတယ်…ဗျာ…
အချိန်ကာလတစ်ခုပဲဖြစ်မှာပါ….နောက်တော့ပြန်လာရမှာပေါ့
Comment #6
he,,he,,
so nice,,,
really admire u,,,
cos opposite 2 me..
he,,he,,,
ever gotta go.
ever busy.
difficult 2 stay beside me.
ha,,ha,,
Comment #1
မပြန်နဲ့ …….. 😛
အားပေးသွားပါတယ်ကိုလွမ်းနောင်…..