“ကျောက်မဲ” သို့…ရင်ကွဲအလွမ်း (၁)
တစ်နေ့ကုန် တစ်ညပြောင်း..
“ဟောင်းသွား” တဲ့ ဒီနေ့တွေထဲ
သတိရခြင်းကို တောင်ပံတပ်
အလွမ်းတွေ တစ်ဖျတ်ဖျတ်ခတ်
( ဒီလိုနဲ့ပဲ)
နောက်တစ်ရက်တွေလဲ
ငါ့မှာ နင့်ကိုလွမ်းရင်းခရီးဆက်မြဲပါ။
နှင်းပျောက်လို့ နွေအရောက်..
လေရှုးသာ ပွေချင်ပွေ
ရွက်မကြွေ ရေမခမ်း
စိမ်းလမ်းမြဲ..ငါတို့မြေ
ခမ်းနားမြဲ..ငါတို့မြေ
လွမ်းမောဆဲ..ငါတို့မြေ
တစ်ခေါက်တော့ ငါရောက်အောင်ပြန်မယ်။
တစ်နေကုန် တစ်နေခမ်း….
ငါ့ရင်ဘတ်ပေါ် နေလုံးကြီးထမ်းပြီး
လွမ်းလို့ကောင်းဆဲပါ
နှင်းမကြွေ စမ်းမအေး
နင်နဲ့ဝေးတဲ့ ဒီရပ်ဝေးမှာ
ဘယ်တစ်ယောက်ကမှ…
ကျောက်မဲသားလောက် ရင်ကွဲမှာမဟုတ်ဘူး။
Comment #5
ကျောက်မဲသားတော့မသိဘူးဗျ
ကျောက်မဲသူတွေကတော့ တော်တော်ချောတယ်
ကဗျာလေးတကယ်ဖတ်လို့ကောင်းတယ် အားပေးသွားပါတယ် ဝင်ရောက်ပေါသွားတာကိုတော့သည်းခံပေးပါဗျာ ။
By: X - ray at Nov 13, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်……..အားပေးသွားပါတယ်…….