Warmly welcome
ဆန်းကြယ်တဲ့
ကံကြမ္မာက
လွမ်းစရာဒဏ်ရာတွေကို
ထုတ်ထုတ်ပေးတတ်တယ်………….။
ညနေခင်းတွေဟာ
တစ်ကိုယ်တည်း
ဖြစ်တည်မှုကို
သဘောကျစွာ
ပြုံးလေ့ရှိတယ်………။
အလို ရှိတဲ့
ချစ်သူက
နတ်ပြည်ကဆိုတော့လည်း
လွမ်းရတာပေါ့……………..။
စားသုံးရတဲ့
ဥပေက္ခာက
နေ့စဉ်တိုင်းဆိုတော့လည်း
ကျုပ်အတွက်တော့
ဈေးကြီးနေတော့တာပါပဲ……။
နတ်သမီးရေ…….
လွမ်းနေတာငါ
ဆွေးနေတာငါ
ရင်ကွဲနာကျနေတာငါပါ
ဘာကြောင့်ငါက………………။
တစ်နေ့တစ်နေ့
မော့ကြည့်ရလွန်းလို့
ကျီးပေါင်းတွေတောင်
ငိုနေပြီ……..။
နံရံထက်က
ကဗျာတွေ
အသည်းထက်က
မင်းရုပ်လွှာတွေ
ငါဘယ်လို လုပ်
ဖြုတ်သိမ်းနိုင်ပါမလဲလေ…….။
အလွမ်းတွေက
တစ်ရံတစ်ခါမှ
လာလည်တတ်တဲ့
ဧည့်သည်မဟုတ်တော့
ဧည့်ခံကျွေးမွေးရတဲ့
ငါ့အသည်းတွေ
အရောင်ဖျော့ချေပြီ……..။
စိတ်ချပါချစ်သူ
မင်းရဲ့မကောင်းကြောင်း
မင်းရဲ့မကောင်းသတင်း
ငါ ပြောလိမ်မည့်မဟုတ်
ိထိုအတူ
ငါ ကြားချင် မည်လည်းမဟုတ်ပါ…..။
ကမ္ဘာကြီးရဲ့
ထောင့်တစ်နေရာမှာ
ငါရှိသရွှေ့တော့
မင်းခိုလှုံဖို့
မင်းပူစာဖို့
မင်းတောင်းဆိုဖို့
နွေးထွေးတဲ့ ရင်ခွင်တစ်ခုက
အစဉ်အမြဲ ကြိုဆိုလျှက်ပေါ့ ချစ်သူ…။
Comment #2
read again par
Comment #1
warmly welcome