သို့ ……စက်တင်ဘာ
အလွမ်းငွေ့ငွေ့ကို တစ်ပွင့်ချင်း ပန်
ပင့်သက်ရှိုက်ရာ ငါ့ခွာသံတွေ __
ဟိုး………..အဝေးကို…… ဝေး…….ဝေး….
ဝေး……..
ဒီလ စက်တင်ဘာမှာ ငါ့ကိုနင်သတ်တယ်။
ပြစ်ပြစ်နစ်နစ်ကြီးကို လွမ်းမိတဲ့အကြောင်း…
ငါ့ဘယ်ဘက် ရင်ဘတ်ထဲက ပြောလိုက်တယ်…..
တိုး___တိတ်___နွမ်း___လျှ__ စွာနဲ့ပေါ့။
ဘယ်သူဘာပြောမလဲ….
ငါ့ မိုးထဲမှာ ငါပျော်တယ်။
ကောင်မလေးရေ…
ဖြစ်နိုင်ရင်. ..( ဖြစ်နိုင်ရင်ပေါ့လေ )
နင့်အတွက် Birthday present…
ငါ့ နှလုံးသားကို ပါဆယ်ထုတ်ပေးလိုက်ချင်ရဲ့……။
ဒီဆောင်းဦးမိုးမှာ
ဟောဒီ ရင်ဘက်ထဲက အနူးညံ့ဆုံးပန်းတစ်ပွင့်
ငါကိုယ်တိုင် တစ်လွှာချင်းခူးဆွတ် __
မြေသို့ \”ခ\” စေတယ်__
နူတ်မဆက် အပြုံးမပျက် မျက်ရည်မကျ
နောက်နောင် ဘယ်တော့မှ မလွမ်းမိစေဖို့
သို့သော်___ ……..။…………………။
Comment #3
ဘယ်သူ ဘာပြောမလဲ
ငါ့မိုးထဲမှာ ငါပျော်တယ်….
By: nwenyeinaye at Sep 19, 2011
Comment #5
wow,,,
super like
By: ei lay at Sep 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီဆောင်းဦးမိုးမှာ
ဟောဒီ ရင်ဘက်ထဲက အနူးညံ့ဆုံးပန်းတစ်ပွင့်
ငါကိုယ်တိုင် တစ်လွှာချင်းခူးဆွတ် __
မြေသို့ \”ခ\” စေတယ်__
နူတ်မဆက် အပြုံးမပျက် မျက်ရည်မကျ
နောက်နောင် ဘယ်တော့မှ မလွမ်းမိစေဖို့
သို့သော်___ ……..။…………………။
………….
နှစ်သက်အားပေးလျှက်