ဘာမှမလင်းတော.သော အတ္တများနှင်. ကမ္ဘာ
သက်တန်.တွေကိုခြုံလို.
ထိုနေ.က
အိပ်မက်တစ်စောင်
အခစားရောက်လာတယ်။
ဒါပေမယ်. ငါ ဘုရင်မဟုတ်ခဲ့ပါဘူး။
သတိရလို.ဆိုတဲ့
အကြောင်းပြချက်နဲ့
တွေးတောခြင်းကို
ဦးနှောက်က
ဆင်ခြေအဖြစ်ပေးတယ်။
အတွေးခံ နာမ် ကငါမဟုတ်ခဲ့ပါဘူး။
စကားပြောတတ်သော
အရုပ်တစ်ရုပ်
အသက်ဝင်လာသည်ကိုကြည်.ရွေ.
အံ့သြကြပြန်ကုန်၏ ။
ငါ ဆို တာ ငါ မဟုတ် ဘူး ။
စာရိတ္တများ၏ အညှော်နံ့
ထွက်လာသည်
မကောင်းမှုများ၏ အပုဒ်နံ့
လှိုင်လာသည်
စိတ်ဓာတ်များ၏ ခြစားသံ
ကျယ်လောင်လာသည်
ခံစားချက်များ၏ အသက်ဝင်မှုသည်လည်း
ကင်းမဲ့လာ၏
နေသည်လည်း သေသွားပြီ
လ သည်လည်း မလင်းတော.
သို.သော်
ကမ္ဘာမှာ
အတ္တရောင်နဲ့
မီးတွေ အလျှံညီးညီး တောက်တယ်။
ridd
Comment #2
စာရိတ္တများ၏ အညှော်နံ့
ထွက်လာသည်
မကောင်းမှုများ၏ အပုဒ်နံ့
လှိုင်လာသည်
စိတ်ဓာတ်များ၏ ခြစားသံ
ကျယ်လောင်လာသည်
ခံစားချက်များ၏ အသက်ဝင်မှုသည်လည်း
ကင်းမဲ့လာ၏
By: May Kha at Sep 22, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်ကောင်းတယ်…..
အားပေးသွားပါတယ်ဗျာ။