ကိုလိုနီဖွဲ့ မိုးတိမ်ရင်ဘတ်ကြီး – နရီထက်
သခင်အလိုကျ နေအိမ်က
နေမသာဘူး
အမြင်မကြည်တဲ့ ရေနံဆီက
အသက်ရှု မွန်းကြပ်တယ်
သန်းကောင်ယံ ရန်သူဆီက
ဌက်ဆိုးထိုးသံ ကြားကြားရတယ်
လမသာညများဆို အိမ်နီးချင်း
ခြေသံတွေ တိတ်ဆိတ်နေတယ်
အိမ်အလည်လာဖူးတဲ့ မိတ်ဆွေတွေက
ငါ့အိမ်အောက်မှာ ရေနံကြောရှိတယ်… အပြောများတယ်
ဟိုဘက်ရွာ သူစိမ်းခြားတွေက
ပြောကြလိုက်ပုံများ…
ငါ့အိမ်ခြံထောင့်မှာ ရွှေအိုးတွေ ရှိတယ်… အသိုက်စီးကြတယ်။ ။
နရီထက်
( ၂၄ ၊ စက်တင်ဘာ ၊ ၂၀၁၁ )
Comment #2
like
By: Demon 13 at Sep 24, 2011
Comment #6
စကားလုံးလေးတွေ သုံးထားတာ မိုက်တယ်၊ အတွေးက ခမ်ဆန်းဆန်းပဲ နော် ကိုကြီး အားပေးနေတယ်နော်။
By: thua at Sep 28, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားတယ်အကိုကြီး….