ဘာကြောင်.ပါနည်း
လမ်းသည် မှောင်နေ၏
ကိုယ်. အတ္တနဲ့ ကိုယ်
လင်းလိုက်တယ်
ခလုတ်တိုက်မိခဲ့သော
မာနတရားကို
တစ်ချက်ပြန်ကြည်.လိုက်၏
အိပ်မက်များ မပြုတ်ကျခဲ့ပါ။
လေသည်တိုးနေ၏
လွင်.နေသော
စိတ်တွေကို ဖမ်းလိုက်သည်
မျှော်လင်.ချက်များ
ကြွေကျသွားသလား
ပြန်ကြည်.မိသည်
သို.သော် အမုန်းများက
ခိုင်ခိုင်တွဲထား၏ ။
ပတ်ဝန်းကျင်သည်လည်း
လင်းလာလေပြီ
သို.သော်
အရှေ.အရပ်တွင်
နေမရှိခဲ့ပါ
ဘာ. ကြောင်. ပါ နည်း…………………………………………..
ridd
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
why?
i also don’t know