သဘာဝ၏ ပန်းချီကား (နွေဂိန်မာန်)
ရိုးတံမှကြွေ ၊ သစ်ရွက်တွေ
မြေခလေပေါ့ ၊ ဝပ်ဆင်းကန်တော့
အဖော်သစ်ရွက် ၊ အကုန်ကြွေပျက်
သစ်ကိုင်းခမျာ ၊ သနားစရာ။
ပြိုင်းပြိုင်းရိုးတံ ၊ အထီးကျန်
ကူညီအားပေး ၊ ရွှေငှက်လေး။
သံချိုထုတ်နှော ၊ ရွှေဥသြ။
အရိုးပြိုင်းမှန် ၊ သစ်လက်တံ
ဥသြငှက်က ၊ ဝင်နားပြန်
ပြာလွင်ကောင်းကင် ၊ နောက်ခံထား
ရေးဆွဲ ပန်းချီကား ၊ ပုံဖော်သဘာဝတရား။ ။
မျိုးသူထက်(17.12.2006)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service