အရိပ်မဲ
သတိရခြင်းတွေက
တစ်ဒေါင့်တစ်နေရာတွင်
စွတ်စွတ်ရွဲနေသည်
ဒါပေမဲ့————
ကိုယ်ပျိုးခဲ့တဲ့ ဥယျာဉ်လေးက
သွေ့ခြောက်လို့
တံခါးဖွင့်ထားပါလျှက် ၀င်သူထွက်သူမဲ့
မ၀င်ပါနဲ့လို့ တားခဲ့ပါလျှက်
ဝင်ရောက်သူက ၀င်လာပြီး
မနှင်ရက်ပါပဲ
သူမက ရုတ်တရက် ထွက်ခွါသွားပြီ
အဲဒီအချိန်ကစ
ဒီဥယျာဉ်လေးထဲမှာ
ငှက်ကလေးတွေလဲ
တေးမဆို
ခေါင်းလောင်းလေးတွေလဲ အသံမချို
ကန်သာယာထဲက ရေစိုစိုတွေလဲ ခန်းခြောက်ပေါ့
တစ်နေ့နေ့ တော့
သူမပြန်လာလေမလား—-
ပြန်လာလေမလား—ဆိုတဲ့
မျှော်လင့်စိတ်နဲ့
သူမကို လွမ်းတဲ့ အလွမ်းတွေက
တစ်ဘ၀စာလုံး
အရိပ်ထိုးလို့ ။ ။
အောင်မိုးသစ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူမပြန်လာလေမလား—-
ပြန်လာလေမလား—ဆိုတဲ့
မျှော်လင့်စိတ်နဲ့
သူမကို လွမ်းတဲ့ အလွမ်းတွေက
တစ်ဘ၀စာလုံး
အရိပ်ထိုးလို့ ။ ။
အဲ အရိပ်က အရိပ် မဲ တော့ မဟုတ်လောက်ပါဘူးဗျာ