“သူ…မပျော်တဲ့ကောင်းကင်…”
သူ…မပျော်တဲ့ကောင်းကင်မှာ….
လင်းလက်ခြင်းကင်းနေတယ်…
မှောင်မိုက်ခြင်းတွေမြူလိုခလို့….
သူ…မပျော်တဲ့ကောင်းကင်မှာ..
ပျံသန်းခြင်းအလျင်းမရှိ….
တိတ်ဆိတ်မှုတို့ဝန်းရံ၏…
သူ…မပျော်တဲ့ကောင်းကင်မှာ…..
တိမ်တိုက်တို့အုံ့ဆိုင်း….
သက်တန့်တောင်မှိုင်း နေလေရဲ့…..
သူ…မပျော်တဲ့ကောင်းကင်မှာ…
မုန်တိုင်းတို့ဝင်ရောက်…
နူးညံ့ခြင်းတို့ပျောက်နေလေရဲ့....
သူ…မပျော်တဲ့ကောင်းကင်…..
ငါ့ရင်ခွင်မှာ…သူ…မရှိကတည်းက….
မိုးတွေပဲ..အမြဲရွာနေခဲ့တာပါ….
Comment #7
သူ…မပျော်တဲ့ကောင်းကင်…..
ငါ့ရင်ခွင်မှာ…သူ…မရှိကတည်းက….
မိုးတွေပဲ..အမြဲရွာနေခဲ့တာပါ….
goodတယ်ဗျ..
သူ…မပျော်တဲ့ကောင်းကင်..ဖွဲ့ထားတာကောင်းတယ်။
By: poem.poem28 at Oct 2, 2011
Comment #8
သူ…မပျော်တဲ့ကောင်းကင်…..
ငါ့ရင်ခွင်မှာ…သူ…မရှိကတည်းက….
မိုးတွေပဲ..အမြဲရွာနေခဲ့တာပါ….
……………
ထပ်တူထပ်မျှ..ခံစား အားပေးသွားပါတယ်
By: အသဲကွဲမိုး at Oct 5, 2011
Comment #9
right
By: ei lay at Dec 13, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုးတွေရွာနေရင် သတိထားနော်။ဗွက်ထမယ်။