ပြုံးပါ ~~~~~~~ :)
စိတ္တဇ တွေထမ်းထားတယ်
အတ္တမရှိဘူးငြင်းကာ အတ္တတွေရင်နဲ့အပြည့် ထည့်ထားတယ်
မျက်လုံးစုံမှိတ်ပြီးယုံခဲ့တာတွေများတော့ ခွဲခြားဖို့အားနည်းပြီ
ဘာလို့လဲ ~~~ ဘာလို့လဲ
မေးရင်း ~~~ မေးရင်း
အသိခေါက်ခက် အ၀င်နက်လှပြီ
ကြည့်ပါဦး ~~~ ကိုယ်ကလွဲရင် အဆင်ပြေလို့
ကြည့်ပါဦး ~~~ ကိုယ်ကလွဲရင်ပျော်လို့ ၊ မော်လို့
အဆင်မပြေတာတွေများတော့
ကျတဲ့စိတ်ကို မာန်သွင်းကာ
ဖြူစင်ခြင်း အလံထူထားတယ်
စိတ္တဇကိုတော့ ထမ်းထားတုန်း
သေချာပါတယ် “ နေတတ်ရင် အမြဲတမ်းပြုံးနိုင်တယ် ”
ငါကလေ မပျော်လဲ ပြုံး
ငါကတော့ ပျော်လဲပြုံး
အရှုံးတွေ ထပ်လာလဲ ပြုံးမြဲပြုံး
အနိုင်ဖြစ်လာလဲ ပြုံဆဲပဲ
ငါ့အတွက်တော့ “ဘ၀” ဆိုတာ “ သေတ္တာ ”လွတ်တစ်လုံးလိုပါပဲ
ထည့်သမျှ ဆံ့သလောက်တော့ နေရာရသွားမယ် လေ ။
ဒါ့ကြောင့်ထင်ပါရဲ့
သေတ္တာလေးထဲ “ အပြုံး ” တွေပဲသွတ်သွင်းလိုက်တယ်
ပြုံးစမ်း ~~~ ပြုံးစမ် ~~~~ ပြုံးလိုက်စမ်းပါ ( အတည်တကျ )
မြင်ချင်တာကလဲ ဟောဒီ့ ကမ္ဘာပေါ်မှာ အပြုံးတစ်ခုပါပဲ ကွာ ~~~~ ( အမြဲဆိုပါတော့ )
Comment #2
နေတတ်ရင် အမြဲတမ်းပြုံးနိုင်တယ်
မှန်တယ် မှန်တယ် အားပေးသွားတယ်။
Comment #1
အတ္တမရှိဘူးငြင်းကာ အတ္တတွေရင်နဲ့အပြည့် ထည့်ထားတယ်
မျက်လုံးစုံမှိတ်ပြီးယုံခဲ့တာတွေများတော့ ခွဲခြားဖို့အားနည်းပြီ
ဘာလို့လဲ ~~~ ဘာလို့လဲ
မေးရင်း ~~~ မေးရင်း
အသိခေါက်ခက် အ၀င်နက်လှပြီ