ဗလာရုပ်သေး
သူ သူ သူလေ
တော်တော်ကို တတ်နိုင်တဲ့သူပေါ့
လောက ၀ယ်ပရိယာယ်
စစ်တုရင် ခုံသဖွယ်
အမျိုးမျိုး အသုံးချ
အံသြဖွယ်လေ………
လိုချင်တာကို မပေး
မလိုချင်တာကိုမှ
ကပ်သီးကပ်သပ်
ပေးတတ်လေသူ……
ကြိုးစားသမျှကို
ဖက်တွယ်
တရိုက်မတ်မတ်ခဲ့လည်း
နောက်ဆုံး
သူပေးချင်တဲ့
သူကိုပဲပေးခဲ့သူ
ဘုန်းကြီးလည်း
အသက် ကမရှည်
အသက် ရှည် လည်း
ဘုန်းမကြီးသူ
နိုင်ငံလူမျိုး
တိုင်းပြည်အကျိုး
ကြည့်သူများကို တော့
အသက်ကယ်တို
ဒုက္ခ တွေပြိုလို့
များလိုက် သည့်
စိတ်မချမ်းမြေ့မှု့တွေ
ပေးတတ်လေသူ………
ဆန့်ကျင်ဘက်
အကျိုးမရှိ
ဆန္ဒကယ်မပါသူများကိုတော့
အသက်ကယ်ရှည်
စည်းစိမ်ရယ် ဝေလို့
ပျော်စရာများ
မနက်ဆိုနိဗာန်
ညဆို နိဗာန်နဲ့
ပျော်စရာတွေညီး
သံစဉ်တွေ တီးနေချေရဲ့…….
အချစ်ကိုလိုသောသူ
အမုန်းကို ရ
ပိုက်ဆံလိုချင်သောသူ
ဝေဒနာတွေရ
တကယ်တမ်းတော့
မနုသ တွေ ဟာ
သူရဲ့ နယ်ရုပ်တွေလေ
ကိုယ်ပေါ်က ချည်ကြိုးတွေကို
မမြင်နိုင်
တစ်ခါတစ်ရံ
ကိုယ်ထင်ရာကိုယ်စိုင်းချင်လဲ
ကြိုးကသူလက်ထဲမှာလေ
သူကြိုးဆွဲသလိုပေါ့……
အံဖွယ် အံဖွယ်…
ဘယ်လိုပဲဖြစ်ဖြစ်
အဓိက ကတော့
လောကကြီးမှာ
ကျေနပ်တင်းတိမ်သူကိုတော့
သူမနိုင်ဘူးလေ……
အချစ်လို အမုန်းပေး
တင်းတိမ်သူကတော့
ပျော်ပျော်ကြီးယူလေရဲ့….
ဒုက္ခကိုကျေနပ်
ဆင်းရဲ့ခြင်းမှာ မွေ့ပျော်
အံသြဖွယ်ပေ
မကြိုးစားသူမဟုတ်
ကြိုးစားသူလေ
ရရင်ရလေ
မရရင်လည်း
နောက်တစ်ကြိမ်ပေါ့
ပေါ့ပေါ့ပါးပါးပဲလေ
သေရင်လူဆိုတာက ဗလာပဲလေ
တကယ်တမ်းက အားလုံးကဗလာပဲလေ
ကြိုးဆွဲသူ က ကံကြမ္မာလေ
အခုတော့
သူလည်း
ဗလာ ဇာတ်မှာ
ရုပ်သေးပညာရှင်ပေါ့လေ……….
ကဲဗျာ ဆရာကြီး
ခင်ဗျားဆွဲချင်သလိုသာဆွဲ
ကျွန်တော် “က ´´မယ်ဗျာ………….။
Comment #1
ကဲဗျာ ဆရာကြီး
ခင်ဗျားဆွဲချင်သလိုသာဆွဲ
ကျွန်တော် “က ´´မယ်ဗျာ………….။
🙂