ကြောက်မက်ဖွယ်ဝေးကွာခြင်း-ရဲဝင့်အောင်
အလင်းမဲ့ရင်မှာ
နင်ပြန်လာမှာပါဆိုတဲ့
အတွေးတွေ စိမ့်စမ်းရေလို
စဉ်ဆက်မပြတ် စီးဆင်းနေခဲ့ပေါ့
နေညိုသွားတာတောင်
ထပ်ဆုံကြမှာပါဆိုတဲ့
အဖြစ်ချင်ဆုံးဆန္ဒတွေ
ဆေးလိပ်ငွေ့ လို နှလုံးသားကို
လှိုက်စားနေတုန်းရယ်…..
ထင်မှတ်ထားတဲ့
စိတ်ကူးတွေလည်း
မိုးအဖြစ်နဲ့ ရွာချဆဲ…
ငါတို့ …..
ငါတို့ …..
ကာလများစွာ ဝေးကြရမယ်
သမုဒယကြိုးနဲ့ 
ရစ်နှောင်ချည်ခဲ့တဲ့
ဆူးဖြူလေးတစ်ချောင်းပါပဲ
ငါ့ကိုရာစုနှစ်တွေနဲ့ 
ကွဲကွာစေခဲ့တာကလွဲလို့ 
နင့်အပြုံးတွေက
ကြောက်ဖို့ ကောင်းနေတုန်းရယ်…
ရဲဝင့်အောင်(ခေါ်)ရွှေကြယ်မိုး
Comment #6
ta mu da ya ne chi hnaung htar taw kyaunt
myit tar a hlin c sin nay myi phyit d.
By: ei lay at Nov 4, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ထင်မှတ်ထားတဲ့
စိတ်ကူးတွေလည်း
မိုးအဖြစ်နဲ့ ရွာချဆဲ…
ငါတို့ …..
ငါတို့ …..
ကာလများစွာ ဝေးကြရမယ်
သမုဒယကြိုးနဲ့ 
ရစ်နှောင်ချည်ခဲ့တဲ့
ဆူးဖြူလေးတစ်ချောင်းပါပဲ
ငါ့ကိုရာစုနှစ်တွေနဲ့ 
ကွဲကွာစေခဲ့တာကလွဲလို့ 