နွေဦးရိပ်
နွေဦးရောက်တိုင်း
ကျတော့်ရဲ့ အချစ်ရူး
တစခန်းထတယ်
ခုတော့သစ်ရွက်တွေစိမ်းနေတုန်း
မိုးက တပြိုက်နှစ်ပြိုက် ရွာနေတုန်း
နွေရဲ့ သရုပ်မပေါ်သေးဘူး
မိုးနှောင်းရှည်တဲ့ ရက်တွေမှာဘဲ
အလွမ်းဇာတ်တွေနဲ့အတူ ပျိုးခင်းတခုအလယ်မှာ
အချစ်သစ်ပင်တပင် ငါစိုက်ခဲ့တယ်
နွေဦးမှာ အရိပ်ရလေမလား
စိတ်ကထွေပြားလျှက်
ဘယ်ဘက်ရင်အုံကို လက်အစုံမိုးလို့
အရိပ်တခုကို ငါဆုတောင်းမိလေရဲ့……..။
Comment #3
အလွမ်းဇာတ်တွေနဲ့အတူ ပျိုးခင်းတခုအလယ်မှာ
အချစ်သစ်ပင်တပင် ငါစိုက်ခဲ့တယ်
By: May Kha at Oct 5, 2011
Comment #4
good
By: ei lay at Nov 16, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရိပ် ရမှာ ပါ ….
အရိပ် ကောင်းကောင်းရမယ် အပင်ဆိုရင်တော့ အချိန် ယူရမယ် ထင်တယ်