ရော်ရွက်လို
ရော်ရွက်လို ခြောက်လို့ သွေ့လို့
ရင်ဘတ်က အသံထွက်မတတ်တော့ပါ
နာရီတွေကို လက်ချိုးရေတယ်
စက္ကန့်တစ်ခုတိုင်းက အသက်ထွက်လုရွေ့သွားတယ်
နေ့ရယ် ၊ ညရယ် ၊ ဘ၀ရယ် တုန်လှုပ်ဖွယ်နဲ့
ဆန္ဒတွေကို ခြွေတာလို့ …… မေ့ကြဖို့လား
စိတ်သွားတိုင်း ကိုယ်မပါတာပဲ
ချစ်တိုင်းလဲ ရင်ကနာပါတယ်
ရက်ဆက်တယ် …. နေ့စဉ်ပါပဲ ….
ရက်စက်သူရယ်
နင်ဝင်မကြည့်သေးတဲ့ ငါ့ရင်က
အော်ခေါ်တာလဲနင်ပဲ ၊ ကြွေးကြော်မိတာလဲ နင်ပဲ
သံစဉ်ထွက်မတတ်လို့
ခုဆို … ငါ့ရင်ဘတ်က တိတ်လို့ ဆိတ်လို့ ………
ရစ်ဝိုင်းဖွဲ့ မျက်ဝန်းက ရင်နာတိုင်းပဲ
တောင့်တပါတယ် … အသိစိတ်ရော … ငါမသိတဲ့စိတ်ကရော
နီးပါရစေ … ၊ နီးပါရစေ …… တောင့်တရင်း
ဝေးကြတော့မှာလား ဆွေးရတော့မှာလား
ရော်ရွက်လိုပဲ ငါဆိုတာကလည်း
ခြောက်လို့ ၊ သွေ့လို့ ………. ။ ……………. အတ္တတွေလည်း ပျောက်လို့ ၊ ရှလို့ ………………. ။
Comment #2
နေ့ရယ် ၊ ညရယ် ၊ ဘ၀ရယ် တုန်လှုပ်ဖွယ်နဲ့
ဆန္ဒတွေကို ခြွေတာလို့ …… မေ့ကြဖို့လား
စိတ်သွားတိုင်း ကိုယ်မပါတာပဲ
ချစ်တိုင်းလဲ ရင်ကနာပါတယ်
Comment #6
အဆင့်မမှိသေးပါဘူး
Comment #1
ခြောက်လို့ ၊ သွေ့လို့ ………. ။ ……………. အတ္တတွေလည်း ပျောက်လို့ ၊ ရှလို့ ………………. ။
ချစ်ရသူနဲ့ဝေးရင်အဲလိုပဲဖြစ်တတ်ပါတယ်