ရွံချင်စရာကောင်းတဲ့ကောင်
ဆောက်တည်ရာမဲ့ခဲ့တာ
ဒီဘ၀ထဲ အကြိမ်ကြိမ်ပါပဲ..
ငါ့ပိုင်နေရာလည်း
ငါပြန်ရှာမတွေ့ တတ်တော့ ။
အများနည်းတူ
လမ်းဟောင်းလျောက်မိတော့
ငါက လူနုံလူအ တဲ့…
အမြန်လိုချင်သူမို့ လမ်းအိုမလိုက်သင့်ဘူးလား ။
ရေဆာနေတုန်းမို့
သောက်လိုက်မိတာ
မိုးခါးရေ တဲ့လား ။
ရေနစ်သူ ငါ့မှာ ကောက်ရိုးတမျှင်တောင်
ဆွဲခွင့် မရှိဘူးတဲ့လား ။
ငါ့ခန္တာ ငါခြွေရမှာမို့ 
ငါ့တောင်ကုန်းမှာ နေမ၀င်ပါရစေနှင့်ဦး..
ငါငေးရာ အရပ်ကမှောင်မဲနေတုန်း ။
အစီအစဉ်မဲ့ လောင်းကစားပွဲမှာ
ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်နေတုန်း
ဘ၀ က ငါ့ကိုဖန်တီးတယ် ။
ငါကိုယ်တိုင်ဖန်တီး မိတာက
ကိုယ်တိုင်တောင်ရွံရှာ မိတဲ့ အတ္တ..။
ငါ့ရင်ထဲက ဘွန်ဆိုင်းသစ်ပင်လေး
သေဆုံးပြီးနောက် ငါမယုံကြည်တတ်ခဲ့မိတာ
ငွေကြေးရနံ့ နှင့် တေးဆိုတတ်သော မြွေများ ။
ရာသီအလီလီပြောင်းခဲ့ပြီး
ငါနှုတ်တိုက်ရ ခဲ့တာ
အပေါစားအယူဝါဒ နဲ့ အော်ကလီဆန်ချင်စရာ
ဘုန်းတော်ဘွဲ့ များ ။
Comment #2
ငါကိုယ်တိုင်ဖန်တီး မိတာက
ကိုယ်တိုင်တောင်ရွံရှာ မိတဲ့ အတ္တ..။
ငါ့ရင်ထဲက ဘွန်ဆိုင်းသစ်ပင်လေး
သေဆုံးပြီးနောက် ငါမယုံကြည်တတ်ခဲ့မိတာ
ငွေကြေးရနံ့ နှင့် တေးဆိုတတ်သော မြွေများ ။
ရာသီအလီလီပြောင်းခဲ့ပြီး
ငါနှုတ်တိုက်ရ ခဲ့တာ
အပေါစားအယူဝါဒ နဲ့ အော်ကလီဆန်ချင်စရာ
ဘုန်းတော်ဘွဲ့ များ ။
မိုက်တယ် ဗျာ မြတ်သူကြိုက်တယ်ဗျာ ကောင်းလိုက်တဲ့ကဗျာ
Comment #3
ငါ့ရင်ထဲက ဘွန်ဆိုင်းသစ်ပင်လေး
သေဆုံးပြီးနောက် ငါမယုံကြည်တတ်ခဲ့မိတာ
ငွေကြေးရနံ့ နှင့် တေးဆိုတတ်သော မြွေများ ။
အားပေးသွားပါတယ်
Comment #5
ရေဆာနေတုန်းမို့
သောက်လိုက်မိတာ
မိုးခါးရေ တဲ့လား ။
ရေနစ်သူ ငါ့မှာ ကောက်ရိုးတမျှင်တောင်
ဆွဲခွင့် မရှိဘူးတဲ့လား ။
ငါ့ခန္တာ ငါခြွေရမှာမို့ 
ငါ့တောင်ကုန်းမှာ နေမ၀င်ပါရစေနှင့်ဦး..
Comment #1
လုလင် အားပေးသွားပါသည်