လွန် မဟုတ်တဲ့ လွန်း – နရီထက်
ကကွက် စုံလင်ချင်ပေမဲ့…
ကကြိုး အရှုပ်မခံလေတယ်…
ရိုးစင်းလွန်းတဲ့ သီအိုရီ မဟုတ်ဘူး
ဘ၀က ရှုပ်လွန်းတယ်…
ရေမြင့်မှ ကြာတင့်ပေမဲ့
ပင်လယ်ပြင်က ခက်ထန်လွန်းတယ်
အရိပ်လိုလို နေပူစောင့်ခဲ့ကြတယ်
တစ်ခါတစ်ခါလည်း ကိုင်းတွေ ချိုးပစ်လွန်းတယ်…
အနိုင်လိုယူမှုများရင် ဟန်ဆောင်ကောင်းတယ်
မေတ္တာတရားက အညံ့ခံ သက်သက်လား
ဝဋ်တွေ လည်တတ်လွန်းတယ်…။ ။
နရီထက်
( ၁၁ ၊ အောက်တိုဘာလ ၊ ၂၀၁၁ )
Comment #3
ဒိကဗျာ လေးက စကားပုံ တချိုမှားယွင်း မူနဲ့ လောကကြိးထဲ လမ်းလျှောက်နေတဲ့ လူတွေ့ အကြောင်းနေထားတာနော် အစကနေကကွက် စုံလင်ချင်ပေမဲ့…
ကကြိုး အရှုပ်မခံလေတယ်…
ရိုးစင်းလွန်းတဲ့ သီအိုရီ မဟုတ်ဘူး
ဘ၀က ရှုပ်လွန်းတယ်…
ရေမြင့်မှ ကြာတင့်ပေမဲ့
ပင်လယ်ပြင်က ခက်ထန်လွန်းတယ်
အရိပ်လိုလို နေပူစောင့်ခဲ့ကြတယ်
တစ်ခါတစ်ခါလည်း ကိုင်းတွေ ချိုးပစ်လွန်းတယ်…
အနိုင်လိုယူမှုများရင် ဟန်ဆောင်ကောင်းတယ်
မေတ္တာတရားက အညံ့ခံ သက်သက်လား
ဝဋ်တွေ လည်တတ်လွန်းတယ်…။ ။ဒိအဆုံးထိကြိုက်တယ်.
Comment #1
လုလင် အားပေးသွားသည်