X
သေပါပီဆ၇ာကြီး၇ာ…
ဒီလောက်ခါးမှန်းသိ၇င်
အချစ်ဆိုတာကို ငါ…
မြိုမချခဲ့ ပါဘူး။
မင်းနဲ့ အတူတူများ
ရူးမလားဆိုပီး သောက်ခဲ့တာ
မူးလိုက်တာ ဟာ…
ငါ့ကို ထားခဲ့တာတောင်
မသိလိုက်ဘူး …
ဘယ်တော့မှ ခွဲမသွားပါဘူးဆိုတာ
ငါ မြည်းခဲ့ တဲ့ အာလူးကြော်ထဲက
ကံစမ်းမဲ ပဲနေမှာပါ …။
နောက်ဆုံးတော့လည်း …ဒါပါပဲ …
အထိုးခံ၇တော့ ငါ …
နာမည်ကြီးတော့ မင်း ..
မယ်သီတာကို ဘီလူးမပိုင်ဆိုင်သင့်ဘူးလို့တော့
ငါမထင်ဘူး …။
နောက်တစ်ခါ မင်းနဲ့ ထပ် ဆုံဖြစ်ခဲ့၇င်
ငါမလွမ်းတတ်တော့တဲ့ အထိမူးမှ
ထားခဲ့ ပါလား … ( တကယ်ပါ )
အခွင့်အေ၇းတစ်ခုအနေနဲ့ 
ပြောကြကြေးဆို ….
ငါတမ်းတတယ်ဆိုတာ၇ဲ့ 
တစ်ဝက်လောက်ပဲ ၀င်ခံစားကြည့် ….
ဒဿဂီ၇ိ ဘာသားနဲ့ ထုထားတာမလို့ လဲ …
ကြာလာ၇င်….
သူလည်းအားငယ်လာမှာပဲ …
တမ်းတတယ်ဆိုတဲ့စိတ်က …
နင်မရှိတော့တဲ့နောက်ပိုင်း
ငါ့၇င်ဘယ်ဘက်ခြမ်းကို စိုစွတ်စေတဲ့
တစ်ခုတည်းသော မျက်ဝန်းတစ်စုံ ။ ။
အခုတော့…
နမ်းခွင့်၇တယ် ဆို ရုံ လေး ပဲ
လွမ်း မိ ပါ တယ် …………………………………………………………………………………….//
မျိုးဇင် 16th oct 11 <2days, b4 final exam>
“Xo Weak”
721pm
Comment #5
heart hti de,,
lone wa ko heart hti de,
Comment #1
တမ်းတတယ်ဆိုတဲ့စိတ်က …
နင်မရှိတော့တဲ့နောက်ပိုင်း
ငါ့ရင်ဘယ်ဘက်ခြမ်းကို စိုစွတ်စေတဲ့
တစ်ခုတည်းသော မျက်ဝန်းတစ်စုံ ။ ။
အဲ့နားလေး ကောင်းတယ်ဗျ အားပေးသွားတယ် ။