C Y N I C (terry)
မနေ့ ကလိုပဲ…
၇း၀၀ ထိုးသွားပြန်ပြီ။
လူရယ်……
အလင်းရယ်…….
လမ်းရယ်……..
မျှော်လင့်ချက်ကို
လက်ပေးသင်ရတာ
တစ်ခါတစ်ခါပင်ပန်းတယ်။
စိတ်ကိုအိပ်မွေ့ချလိုက်တော့
လူကနိုးလာတယ်။
ပျော်လို့ …….ပါးလို့ 
ရယ်လို့ …….မောလို့ 
ဟုတ်တယ်
ဘ၀မှာ
ရယ်ရတာ ပိုပိုမောလာတယ်။
မှတ်မှတ်ရရ
တဒင်္ဂသေအဆိပ်ပုလင်းရယ်…..
ဆေးလိပ်အကျိုးတစ်ဝက်ရယ်…
မိုးသောက်ကာနီးနာရီတစ်လုံးရယ်…….။
ချဉ်ချဉ်တူးတူး
မူးပြီးရောဆိုပြီး
နှာခေါင်းပိတ်မျိုအချ
ပျောက်တော့မယ့်အလင်းလို
ရင်ဘတ်ကခြစ်ခြစ်တောက်ပူလာတယ်
ရပါတယ်………
ခင်ဗျားထင်တာမှန်တယ်ဆို
ကျွန်တော်မှားပေးလိုက်ပါမယ်
ရွာပြင်ကလူအတွက်
နှုတ်ဆက်မယ့်သူမလိုပါဘူး။
အမည်ခံလူတစ်ချို့
“ဆီ” လို့ အော်အော်ပြီး
ငါ့အပေါ်ပြေးတက်ကြ
ပန်းတိုင်ကမေးတယ်
ပျော်ရွှင်မှု့လား…
အောင်မြင်မှု့လား….
မဖြေတော့ပါဘူး
ငါဟာ………
ကျောက်ဆူးလိုစရိုက်
ငြိမ်ငိုက်နေရတာပဲကြိုက်တယ်။
လူတစ်ယောက်အတွက်
ခြေထောက်နဲ့
မြေကြီးကိုထမ်းထားရတာလေးပါတယ်..
ဆန့်ကျင်ဘက်လူသား
ချိတ်ထားတဲ့လွယ်အိတ်ထဲမှာ
အနှုတ်လက္ခဏာတွေများတယ်
အတွေးတွေ…..
ပတ်စာခွာဖျာလိပ်ရင်းနဲ့ 
သြော်……………..
မနေ့ ကလိုပဲ
၇း၀၀ ထိုးသွားပြန်ပြီ။
terry(22.10.2011)10:00pm
[email protected]
Comment #4
ကိုတယ်ရီ..စိတ်ကူးကောင်းတယ်ဗျ။တစ်မျိုးလေးပဲ ဒီကဗျာလဲ
အားပေးနေဆဲပါ….
Comment #8
အေး ..ကောင်းပါတယ်…..ကြိုးစားထားလို့တော့ မပြောတော့ဘူး
ဘာလို့လဲဆိုတော့ မင်းက ဆ၇ာကျ နေပြီ ပဲဟာကို….ဟဲဟဲ…….စတာနော် စိတ်မဆိုးကြေး
Comment #9
ကျွန်တော်ကဗျာကို အခုလိုနှစ်သက်ကြတာ
တကယ်ကို ၀မ်းသာပါတယ်..ဗျာ…..
ကိုချီရွန်ရေ…. အကိုပြောတာ..ဟုတ်တယ်.. ဟီးး 😀
Comment #10
nice
Comment #11
လူတော်ကြီးပါလားဗျို့
Comment #1
ငါဟာ………
ကျောက်ဆူးလိုစရိုက်
ငြိမ်ငိုက်နေရတာပဲကြိုက်တယ်။
အကိုကတော့ ဆရာမြင့်ဦးဦးမြင့် ပြောသလိုပဲ။
ရင်ခုန်စရာကို ရင်မခုန်ရတဲ့အခါမျိုးမှာ
ကဗျာဆရာဆိုတာလည်း
သေချင်းဆိုးကြီးပေါ့ ။ အဲဒါလေး တွေးမိတိုင်း ညီ ပြောသလို ငြိမ်ငိုက်နေရမလား တွေးမိတယ်။