ချစ်ခြင်းများစွာဖြင့်သာဆုံးဖြတ်ခွင့်ပြုပါ(genisu)
မင်းပါးစပ်က
ပြောလိုက်တာနဲ့
လိမ်သည်မလိမ်သည်
ကျွန်တော်မသိ
“မောင့်ကိုအချစ်ဆုံး” ဆိုလည်း
မျက်စိစုံမှိတ် ယုံလိုက်တာပဲ။
မင်းပါးစပ်က
ပြောလိုက်တာနဲ့
မှန်သည်မမှန်သည်
ကျွန်တော်မသိ
မယ်သီတာ
ဒသကိုချစ်ရင်လည်းချစ်လိုက်တာပဲ။
မင်းပါးစပ်က
ပြောလိုက်တာနဲ့
ဟုတ်သည်မဟုတ်သည်
ကျွန်တော်မသိ
နွေကန္တာမှာ
ချယ်ရီပင်ပေါက်ရင်ပေါက်လိုက်တာပဲ။
သူပြောလိုက်တာနဲ့
သူပြောတယ်ဆိုတာနဲ့
ရင်ဘတ်ကိုဟောင်းလောင်းဖွင့်
နှလုံးသားကိုသေမိန့်ပေးထား
ထား….
ထား….
ထားရတာတွေများလာတော့..
ငါလည်းအခု.
(ခေါင်းတိုင်က)
မီးခိုငွေ့ ဖြစ်နေပြီ။
Comment #2
ချစ်တတ်သူများသာ ဖြစ်ပွားတတ်သော မျှော်လင့်ချက်ကင်ဆာ 🙂
Comment #3
he..he,,
tu tu par pe.
Comment #4
ယုံလက်စနဲ့ သူပြောသမျှတွေကို ဆက်ရုံပေးလိုက်ပါဗျာ… သနားပါတယ်နော် ငရဲမင်း(ယမမင်း)
Comment #5
ko terry is right,
it’s love cancer.
can’t cure except love.
Comment #6
အားပေးတဲ့သူငယ်ချင်းများ ကျေးဇုးတင်ပါတယ်။
Comment #7
kyay zu tin yin moke we kway par lar hin?
he,,he,,
Comment #1
အားပေးသွားတယ် ညီ