အညတရပုံပြင်
အစမှာ
သိပ်ကို ခမ်းနားခဲ့ကြတဲ့ချစ်ခြင်းတစ်စုံနဲ့ စလိုက်ကြရအောင်
သူ သင်ကြားပေးခဲ့ပါတယ်..အချစ်ကိုမယုံကြည်ဘို့ပေါ့
ခက်တာက သင်ပေးတိုင်းလက်မခံချင်တဲ့ ငါ့နှလုံးသားက ဒါမျိုးဆို ထုံပေပေ
အလျှံရဲရဲနဲ့မီးတောက်လို အာခံချင်တိုင်းအာခံနေခဲ့တာပေါ့…
ဝေးလွင့်တိမ်တွေအကြောင်းလား … ပြောစရာမလိုအောင်ဘဲ ..
နှစ်ဦးသဘောတူလွင့်မျောခဲ့ပြီးပြီပဲ …
သူရဲကောင်းတောင်တန်းတွေလိုလဲ မော့ကြည့်စရာမလိုအောင်
အဝေးမျှော်ရှု့ခင်းတွေနဲ့ မှိုင်းညို့ပြခဲ့ပြီးပြီ …
စံပယ်တွေလဲသီစရာမလိုတော့အောင် စိတ်လိုလက်ရ ဖူးပွင့်ပြခဲ့ပြီးပြီ ..
နွေရာသီရောက်မှပွင့်တဲ့ပန်းတချို့လည်း အချိန်မတိုင်ခင် ငါ့ရင်ဘတ်ထဲ ပွင့်ခဲ့ဖူးပြီ ..
ကြယ်ကြွေတွေလဲကောက်ခဲ့ဖူးပြီ (ကြယ်ကြွေဆုလဲတောင်းခဲ့ဖူးပြီ) ..
ကဲ … ခုဆိုလုပ်စရာဆိုလို့ ..
ဟန်ကျပန်ကျလွမ်းတက်ဖို့ကို တခမ်းတနားသင်ယူယုံပဲကျန်တော့မပေါ့ ..
ဆိုပါစို့
ဒီလိုနဲ့ပဲ ပုံပြင်လေးအဆုံးသတ်ခဲ့တယ် … သိပ်ကိုခမ်းနားတယ်ဆိုတဲ့
ချစ်ခြင်းတစ်ဝက်နဲ့ .. သူလိုကိုယ်လိုအသဲကွဲသမားတွေလိုပဲ …
အသဲကွဲသီချင်းတစ်ပုဒ်ဆိုရင်း.. အသဲကွဲကဗျာတွေစပ်ရင်း ..
သူ ဆိုတာ
ငါ့ရဲ့အညတရနန်းတော်ထဲက မင်းသားတစ်ပါးဖြစ်ဆဲ … ။
နတ်သမီး
Comment #2
တစ်မျိုးလေးပဲ ..ဗျ။
အားပေးသွားပါတယ်။
Comment #1
100% right.