Professional Authors

ညစ်ထေးခြင်း

ဘ၀ပြာခွက်ထဲ အစီခံတိုတွေများလာပြီ
BigBag ပြောသလိုရယ်သံချိုတွေ ဘယ်တော့မှ ရမလဲ
သေရင်ကိုယ့်နောက်ဘာမှမပါဘူးဆိုပြီး ပေတေလေလွင့်
ငါ့ဘ၀ က အသေဖြစ်နေတာကြာပြီ
မနက်မိုးလင်းတော့ မျက်လုံးဖွင့်
လောကကြီးကအရင်တိုင်းပဲ ဖြစ်နေတယ်
ခြစ်ခြစ်တောက်ပူနေတဲ့မောဟမီးတွေပဲ လောင်မြိုက်
ငါလိုကောင် အမှိုက်ကို ထမ်းထားတဲ့ မြေကြီး ကိုအားနာလိုက်တာ
ငိုနေလို့တော့ အပိုပဲ ဆိုပြီး
အားမာန်တင်းလို့ ဆက်လျှောက်ကာမှ
ထသွားမှ ကျိုးမှန်း သိ ဆိုသလိုပဲ
အမောင်တောင်မှန်းမြောက်မှန်း မသိတဲ့ဘဝ
သုည ကို ဘယ်လိုအနုတ်လက္ခဏာ ပြရမလဲ   .. …………

In: ကဗျာ Posted By: Date: Oct 30, 2011
Comment #1

ဟုတ်တယ်..
သုည ကို ဘယ်လိုအနုတ်လက္ခဏာ ပြရမလဲ
ဘ၀ပြာခွက်ထဲ အစီခံတိုတွေများလာပြီ..သိပ်ကောင်းတယ်ဗျာ

commentinfo By: sharon myorr myor at Oct 30, 2011
Comment #2

အားပေးသွားပါတယ်။။။။
ကြိုက်တယ်ဗျာ

commentinfo By: yaewintaung at Oct 30, 2011
Comment #3

အမောင်တောင်မှန်းမြောက်မှန်း မသိတဲ့ဘဝ
သုည ကို ဘယ်လိုအနုတ်လက္ခဏာ ပြရမလဲ .. ……
အားပေးသွားပါတယ်

Comment #4

ကဗျာလေး သိပ်ကောင်းတယ်ဗျာ။ လေးစားပါတယ်။

commentinfo By: ChIr0N at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment