ချစ်သူအကြောင်း-ရွှေကြယ်မိုး
ချစ်သူက ယဉ်ယဉ်လေးပဲ
ပြုံးတတ်တယ်…
ပြီးတော့…..
ယဉ်ယဉ်လေးပဲ ငါ့ကိုသတ်သွားတယ်
ချစ်သူရဲ့ ရနံ့ က
ငါ့ရဲ့ သုညဆန်တဲ့အတွေးထိ
မွှေးပျ့ံစေတယ်…
ပြီးတော့ ငါ့နှလုံးသားကို
ဆေးလိပ်ငွေ့ လို လှိုက်စားသွားတယ်
ချစ်သူရဲ့ စကားက
ပျားသကာလိုချိုမြတယ်…
ပြီးတော့ ဓါးတကာထက်
ငါ့ရင်ကို ရှစေခဲ့တယ်…
ကျန်သေးတယ်…
ချစ်သူက လှည့်ဖျားတတ်တယ်
ချစ်သူက သူ့ ချစ်သူ ငါ့ကို
မချစ်ခဲ့ဘူး…
ရွှေကြယ်မိုး
ဒီကဗျာလေးက ကျွန်တော်ထုတ်ဝေခဲ့တဲ့ တတိယမြောက်ကဗျာစာအုပ်မှာ
ပါဝင်တဲ့ကဗျာလေးပါ…။လူရင်းတွေဖတ်ရအောင်လို့ ဖြန့် ဝေပေးတာပါ...
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mike de,
chit thu ka thu chit thu ngar ko ma chit ke bu,