အလွမ်း
နွေခါးခါး တစ်ခွက် ငါသောက်လာခဲ့တယ်
ဒါတောင် ငါ့ရင်က ချမ်းနေတုန်း…
မိုးတစ်အိုးလုံး ရွက်လာပြန်တော့လည်း
တစ်ပေါက်တစ်လေတောင် မသောက်ရတဲ့ အဖြစ်
တော်တော်ဆိုးတယ်..
ဘာပဲဖြစ်ဖြစ်
လုံလုံခြုံခြုံ ထားစရာမရှိတဲ့
ရင်ဘတ်ကတော့
အလွမ်းတွေနဲ့ အမြဲ
ဆွတ်စိုနေအုံးမှာပဲ…
မိုးဖြစ်ဖြစ်…နွေဖြစ်ဖြစ်…
Comment #2
ကြိုက်တယ်ဗျာ
By: Village chat kyi at Nov 1, 2011
Comment #3
lone lone chone chone htar sa yar ma shi de yin bat ka dot……..
By: ei lay at Nov 2, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘာပဲဖြစ်ဖြစ်
လုံလုံခြုံခြုံ ထားစရာမရှိတဲ့
ရင်ဘတ်ကတော့
အလွမ်းတွေနဲ့ အမြဲ
ဆွတ်စိုနေအုံးမှာပဲ…
ကဗျာလေးက တကယ်လွမ်းမောဖွယ်ပါပဲ
လုလင် အားပေးနေပါတယ်