ပုံမှန်မဟုတ်တဲ့ ဒေသငယ်…
တပ်ထားတဲ့ မျက်မှန်ပေါ်မှာ
လေဆာရောင်ခြည်တွေ နဲ့ ( information ….) တွေ
ခရမ်းလွန်တာကွယ်ဆေးတွေကိုလည်း….မျက်နှာပေါ်မှာ..လိမ်းခြယ်….
ဘယ်နေရာကြည့်ကြည့် စက်ရုပ်အချင်းချင်း စကားများသံတွေ..
“ ငါ့စက်ဆီဖိုးတွေ ဘယ်တော့ပေးမလဲ…”
“ နေပါဦး..kp-098jy87 ရယ် ကျွန်တော် ..ကိုယ်ပိုင်မီတာမတပ်ရသေးလို့ …”
“ အေး နောက်တစ်ပတ်အတွင်း ..ငါလိုချင်တယ်….. ”
စတဲ့ အသံတွေကလည်း ပွမ်ညံလို့ ……..
အရှေ့ ဖျားဖျားမှာ လည်း……..
DRECULA .မ တစ်ကောင်…..
ခပ်တည်တည် နဲ့ တောင်းစားနေတယ်လေ……
(သူ့ မှာလည်း သားသမီး တစ်ဒုက္ခ ၊ ဘာညာကွိကွ က ညည်းညူလိုက်သေး..)
အစာကြေဆေး..တွေကို တီကောင်နဲ့ ရောစားလို့ …
“ တဂြီ ဂြီ….”
မည်သံတွေကို ငါ ဥပေက္ခာ ပြုနေတယ်……
တာဝ စည်ဘီယာတွေကို လည်းငါမော့သောက်ရင်းနဲ့
ငှက်အပျိုစင်လေးတွေကို…..ငါတစ်ယောက်တည်း….ရှာရသေး….
ဟိုကြည့်သည်ကြည့် လုပ်တော့
ပုခုံးပေါ်ကို ..
(ဖတ်ကနဲ ) ..လက်နဲ့ အနောက်ကနေပုပ်တယ်..
ငါလှမ်းကြည့်တော့……
“ ညီလေး…..မင်းကိုလျှောက်ကြည့်အမှုနဲ့ ဆွဲ စိလိုက်ရမလား….”
ဆိုပေပြန်တော့……
ကျွန်တော့်အိပ်ထဲကပဲ…
ဘီလီယံ ၅၀ တန်တစ်ရွက် ခပ်သွပ်သွပ် ထုပ်ပေးရင်း
သူ့ ကိုပေးလိုက်တယ်…( သူ= ဆင်ဆာဖြတ်သည်..)
ဟိုကြည့်သည်ကြည့်နဲ့ ပဲ သူလည်း ပြန်ထွက်သွားတယ်…..
မှတ်ချက်။ ။(this.. man is never chain…)
မြန်မာလို ( ဒီငနဲ သည် ဘယ်တော့မှပြောင်းလဲမည်မဟုတ်ပေ..)
ငါ့လက်ဖမိုးကို ပျော့စိစိနဲ့ အရာတွေ ကိုင်နေသလို ခံစားလိုက်ရတယ်…
ငါလှမ်းကြည့်တော့….
“ဟီး….ဘီယာလေးကျန်သေးရင် နည်းနည်းတိုက်ပါလား ဗျာ”
တဲ့ …….
ပြောနေတဲ့ ဟာက…ရေဘ၀ဲ ဟဲဗီးကြီး..(heavy)
အားပါးပါး…. အဖြစ်ကလည်းဆိုးပ့ါ…..
ရေဘ၀ဲတစ်ကောင်တောင် အရက်သောက်တက်နေပြီလေ….
ဘာလိုလိုနဲ့ နောက်ထပ်တစ်ရက်
ငါတို့ ကမ္ဘာတောင် …….နေနဲ့ နီးသွားပြီမဟုတ်လား……
တရွှေ့ ရွှေ့ နဲ့ ……………………..
[email protected]
– – Arker (4:26) PM
4 /10/2011
Comment #2
ဒီကဗျာ လေးက လန်းတယ်ဟ ..မိုက်တယ်

Comment #1
“ ညီလေး…..မင်းကိုလျှောက်ကြည့်အမှုနဲ့ ဆွဲ စိလိုက်ရမလား….”
ဆိုပေပြန်တော့……
ကျွန်တော့်အိပ်ထဲကပဲ…
ဘီလီယံ ၅၀ တန်တစ်ရွက် ခပ်သွပ်သွပ် ထုပ်ပေးရင်း
သူ့ ကိုပေးလိုက်တယ်…( သူ= ဆင်ဆာဖြတ်သည်..)
အားပေးသွားပါတယ်
ရေးတာလေးတွေ သဘောကျတယ်