ဇာတ်သိမ်းခန်း
သက်ပြင်းသံတွေအထပ်ထပ်ချတာတောင်
ငါညရှည်တွေကမိုးမလင်းနိုင်သေးဘူး
နောင်တမရကြေးလို့ကြွေးကြော်ပြီး
လမ်းခွဲကြတာချင်းအတူတူ
ငါကဘာလို့နာကျင်နေရတာလဲ
အဆုံးသတ်ကိုသာကြိုတင်သိခဲ့မယ်ဆိုရင်
ငါဒီဇာတ်ကိုဆက်မကခဲ့ဘူး
ခုတော့
နာကျည်းခြင်းအထပ်ထပ်နဲ့နေ့ရက်ပေါင်းများစွာမှာ
ငါလေ…တယောက်ထဲလဲငိုနေတတ်ပြီ
အတိအလင်းမကြေငြာပေမယ့်
ငါ့ရင်တွင်းဒါဏ်ရာကတဆစ်ဆစ်နာလွန်းလို့
ပြန်မဆုံနိုင်မယ့်လမ်းကိုေ၇ွးချယ်ပြီး
နင်နဲ့ဝေးရာကိုတလှမ်းချင်းသွားမယ်
နင်လက်ကမ်းလည်းဘယ်တော့မှပြန်မလှမ်းတော့ဘူး
ဆည်းဆာ
Comment #2
နင်နဲ့ဝေးရာကိုတလှမ်းချင်းသွားမယ်
နင်လက်ကမ်းလည်းဘယ်တော့မှပြန်မလှမ်းတော့ဘူး
ပြတ်သားလိုက်တာဗျာ…ဟဲဟဲ.စတာနော်
အားပေးသွားပါတယ်။မမဆည်းဆာရေ…
By: poem.poem28 at Nov 7, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လုလင် အစကနေ ဇာတ်သိမ်းခန်း ထိ အားပေးသွားပါတယ်