ခွဲခွာချိန်
မဆုံနိုင်သော လက်တွေဟာ
ဝေးကွာခြင်း သင်္ကေတတွေ
ဆုပ်ကိုင်လို့ ကျောခိုင်းလှည့်ထွက်
စွန့်ခွာခဲ့ကြပေမယ့် ခြေရာတို့က
နောက်ပြန်လှည့်ချင်ကြတယ်
ဝေဒနာတွေက သွေးပြန်ဆို့ချင်ကြတယ်
ဒါပေမယ့်….
အချစ်မရှိတဲ့ ဦးနှောက်တစ်စုံရဲ့
ဆင်ခြင်တုံတရားအောက်မှာ
မျက်လုံးချင်းပြန်ဆုံဖို့ ခေါင်းတစ်ချက်ပင်
ငဲ့ခွင့် တို့ မကြုံနိုင်တော့ဘူး
အရာရာဟာ တားဆီးချုပ်နှောင်မှုတွေနဲ့
တို့နှစ်ဦးကြားမှာ မွန်းကြပ်လို့နေခဲ့ပေါ့
ဒီလိုနဲ့…..
အပြစ်မဲ့ နှလုံးသားတစ်စုံကို
စတေးလိုက်ရတော့မယ်
ဘယ်သူက ပစ်ခွာခဲ့တာလဲ
ဝေခွဲမရ ကြေကွဲကြရတယ်
နောက်ဆုံးဆိုတဲ့ အချိန်လေးမှာတောင်
နှုတ်ခွန်းမဆိုပဲ အကြည့်ချင်းဆုံကာ
နှလုံးသားချင်း နားလည်စွာ
လမ်းခွဲနိုင်ခဲ့ကြတာပဲ
ဒါနဲ့တောင် ဝေးကြရတယ်
နှစ်ဦးသား ကျောခိုင်းမှ
မျက်ရည်စို့ရတယ်
နှလုံသားတစ်ခုဆီမှ ငိုရိုက်သံသဲ့သဲ့
ကိုယ်စီကြားရပေမယ့် ကိုယ်စီမာနတွေနဲ့
ဘယ်သူက ပြန်လို့ခေါ်မလဲ
အတ္တကိုယ်စီနဲ့ နောက်ကိုပြန်မလှည့်ကြဘူး
နာကျင်စွာ ရှေ့ဆက်လို့
ဦးတည်ရာတွေ လွဲ
သြော်… ခွဲခွာချိန်ရယ်။ ။
Comment #2
နှစ်ဦးသား ကျောခိုင်းမှ
မျက်ရည်စို့ရတယ်
နှလုံသားတစ်ခုဆီမှ ငိုရိုက်သံသဲ့သဲ့
ကိုယ်စီကြားရပေမယ့် ကိုယ်စီမာနတွေနဲ့
အဲ့စာသားလေးကို အကြိုက်ဆုံးပဲ
ကောင်းတယ် တစ်ပုဒ်လုံး ဆက်ကြိုးစားနော် အားပေးနေမယ်..
Comment #4
ခွဲခွာခြင်းဆိုတာ..မရှိရင်အရမ်းကောင်းမှာပဲ.
အားပေးသွားပါတယ်။
Comment #1
မဆုံနိုင်သော လက်တွေဟာ
ဝေးကွာခြင်း သင်္ကေတတွေ
ဆုပ်ကိုင်လို့ ကျောခိုင်းလှည့်ထွက်
စွန့်ခွာခဲ့ကြပေမယ့် ခြေရာတို့က
နောက်ပြန်လှည့်ချင်ကြတယ်
ဝေဒနာတွေက သွေးပြန်ဆို့ချင်ကြတယ်