ငါနဲ့ငါ့နိုင်ငံ
ငါနဲ့ ငါ့နိုင်ငံမှာ
ကာရာအိုကေ ယဉ်ကျေးမူတွေ ထွန်းကားတယ်
မာစပ် ယဉ်ကျေးမူတွေ ထွန်းကားတယ်
တစ်ယောက်ကိုတစ်ယောက် မလေးစားမူတွေ ထွန်းကားတယ်
မညီညွတ်မူတွေ ထွန်းကားတယ်
နိုင်ငံရေးသမားတွေ အကျဉ်းချခံရမူတွေ ထွန်းကားတယ်
ပါးစပ်ပြောဒီပလိုမေစီတွေ ထွန်းကားတယ်
အာဏာရှင်ဆန်ဆန် ကျင့်ကြံမူတွေ ထွန်းကားတယ်
အမိုက်အလွယ်တကူပြစ်တတ်တဲ့အကျင့်တွေ ထွန်းကားတယ်
ကွမ်းတတွေးအလွယ်တကူထွေးမူတွေ ထွန်းကားတယ်
ဦးနှောက်ယိုစီးမူတွေ ထွန်းကားတယ်
ခုတော့
အဒီလိုနဲ့
ငါနဲ့ ငါ့နိုင်ငံမှာအသင့်လုပ်ပြီးသား ယဉ်ကျေးမူနဲ့ တစ်ခါသုံးဒီမိုကရေစီပါ ထွန်းကားလာလေရဲ့။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာကောင်းလေးဗျာ…
ဒီလိုတန်ဖိုးရှိတဲ့ ကဗျာကောင်းလေးကခေါင်းစဉ်စာလုံးပေါင်းလေးမှားနေတာလေးကမဖြစ်သင့်ဘူးထင်တယ်နော်..
အားပေးလျှက်ပါ