အချစ်ကျေးကျွန် (မင်းကိုချစ်တဲ့သူ)
လူအချင်းချင်းစာနာမိလို့ ရေးခဲ့တာပါ…
မနက်ဖြန်ဆိုတာ မသိတဲ့
လူသားတွေရဲ့ ဘ၀မှာ
အဖြစ်အပျက် တစ်ခုကြောင့်
ဆုံးဖြတ်ချက်တွေ မှားယွင်းကြတယ်…
အချစ်ရဲ့ တဖက်ကမ်းအလွန်မှာ
မမြင်မကမ်း လျှောက်လှမ်းနေတဲ့
ပြင်မရတဲ့ အမှားကိုမှရွေးချယ်သူ
ချစ်မိတော့လဲ အချစ်ရဲ့ကျေးကျွန်ဖြစ်ခဲ့ရပေါ့…
မင်းရဲ့ အချစ်တွေက ဖြူစင်တော့လည်း
တစ်ဖက်သားကို အပြစ်မမြင်
မင်းကိုမင်း အပြစ်တင်လို့
ကမ္ဘာရဲ့ တစ်ဖက်ကို လွင့်စင်သွားခဲ့ပြီ…
အချစ်ကြီးရင် အမြတ်ကြီးတယ်တဲ့
မင်းနဲ့မှ အဲ့ဒီစကားပုံမှားခဲ့ပြီ
နှလုံးသားရဲ့ စိုးမိုးမှုက
မင်းရဲ့ ခန္ဓာကိုစိတ်နဲ့ နှစ်ကိုယ်ခွဲခဲ့ပြီ…
ရှုပ်ထွေးတဲ့ လောကပင်လယ်မှာ
ပင်ပန်းစွာဖြတ်သန်းနေတဲ့
နှလုံးသားနဲ့ ရှင်သန်တဲ့လူအချင်းချင်း
မင်းရဲ့သောကတွေကို ခံစားမိတယ်
ဝှက်ဖဲမတွေ့ပဲ လောကကြီးကို အရှုံးပေးခဲ့တဲံ
“ရင်ငြိမ်းပွင့်” ဘ၀ဆက်တိုင်း
အချစ်ရဲ့ကျေးကျွန်ဘ၀မှ ကင်းလွှတ်နိုင်ပါစေ…
P.S. “သူ့ကိုဆုတောင်းပေးလိုက်ကြပါဗျာ… နောင်ဘ၀မှာ အချစ် နဲ့ ဘ၀ကို ခွဲခြမ်းသိနိုင်ပါစေ…”
“မင်းကိုချစ်တဲ့သူ”
Comment #2
ကဗျာဖတ်ရတာ ရင်ထဲတစ်ခုခု စို့နင့်သွားသလို ခံစားလိုက်ရတယ်ဗျာ
စာနာပြီးရေးထားတာ တကယ်ပေါ်လွင်ပါတယ်
ကဗျာလေး ဝင်ရောက်ဖတ်ရှုသွားကြောင်းပါ ~~
Comment #4
nice
Comment #1
ဆုတောင်းလေးကတော့မိုက်တယ်ဗျာ..အားပေးသွားပါတယ်။