ချစ်ခြင်းကိုမြတ်နိုးကြခြင်း-ရွှေကြယ်မိုး
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ရွှေပြည်တော်ကို ရှာတွေ့ ပြီလား…
ရွှေပြည်တော်ကို ရှာနေဆဲလား မိန်းကလေးရဲ့
ငွေလသာသော ဘ၀များစွာ အားကျစွာနဲ့ 
ငေးကြည့်နေရုံမှတပါး ငါ့မှာအခြားမရှိပြီ…
နိဒါန်းတွေကစဥ့်ကလျားနဲ့ အိပ်ကပ်ဟောင်းလောင်း
နေ့ များကရှည်လျားဆဲ…
(ခေါင်းကိုတစ်ဖက်လှည့်လို့ သူ့ ရှေ့ မှာရှက်ခဲ့ရတယ်)
ကျေးငှက်တွေရဲ့တေးဆိုသံလောက်နဲ့ ပဲ
ပျော်ရွှင်ခဲ့ရတဲ့သူမို့  နတ်သမီးတေးသံကို
နားထောင်ချင်မိတာပေါ့…
တကယ်တမ်းကြားခဲ့ရတာကငှက်ဆိုးတွေရဲ့
လမိုက်ညဆည်းဆာ……ခုတော့
တရားနဲ့ ပဲဖြေရတော့မှာပေါ့
တရားနဲ့ ပဲဖြေကြရတော့မှာပေါ့
နတ်သမီးရယ်…
ငါ့..ကို..မှ..ချစ်..ခဲ့..ရ..တယ်..တဲ့..လား
စံပါယ်ရနံ့ တွေခေတ်အဆက်ဆက်ပြောင်းသည့်တိုင်
ကျေး..ဇူး..တင်..နေ..ပါ..ဦး..မယ်
ငါတို့ ရဲ့လမ်းများဟာပြာနှမ်းဆဲ…
ကျိကျိတက်အသိုင်းဝိုင်းကြားက နတ်သမီးလွယ်အိတ်ထဲမှာ
ကိန်းပြည့်ခန်းပြည့်ငွေကြေးများက လင်းလက်နေဆဲ…
နတ်သမီးရယ်…
ငါဟာနင့်ကိုချစ်တာတစ်ခုပဲချမ်းသာသူပေါ့
တကယ်ပါ…ငါ့ကိုပဲချစ်တယ်ဆိုရင်တော့
ရွှေပြည်ကြီးကို မေ့လိုက်ပေါ့ကွယ်…
ရွှေကြယ်မိုး
ကဗျာဖတ်ပရိတ်သတ်များအားလုံး www.poemyae.blogspot.com သို့ ဝင်ရောက်ရန်
ဖိတ်ခေါ်အပ်ပါသည်။သင်ကြိုက်နှစ်သက်လက်ခံနိုင်လောက်မည့်ကဗျာများကိုရှာဖွေစုဆောင်း
ပြသထားပါသည်။ကြိုဆိုပါသည်။
Comment #2
နတ်သမီး က ရွှေပြည်ကြီးကိုမေ့နိုင်ပါမလား ကွယ် ဖတ်သွားပါတယ်
Comment #4
da ke par,,
nin ko pe chit tar.
shwe pyi g ka a yae ma par bu.
Comment #5
really like so much both title & poem
Comment #6
ဆရာရေးတဲ့ ကဗျာတွေက အရမ်းကောင်းတယ် အားပေးနေပါတယ် ဆရာ
Comment #1
နတ်သမီးရယ်…
ငါ့..ကို..မှ..ချစ်..ခဲ့..ရ..တယ်..တဲ့..လား
စံပယ်ရနံ့တွေခေတ်အဆက်ဆက်ပြောင်းသည့်တိုင်
ကျေး..ဇူး..တင်..နေ..ပါ..ဦး…မယ်
စာသားတွေ ရေလည်လန်းတယ်ဗျ
အားပေးသွားကြောင်းပါ ~~