အချစ်ရယ်…ကိုယ်နေမကောင်းဘူး…..မင်းကိုသိပ်သတိရမိတယ်….(sharon )….
အချစ်ရယ်..
ကိုယ်နေမကောင်းဘူး
မင်းကိုသိပ်သတိရမိတယ်……
အဆုံးမသတ်နိုင်သေးတဲ့ ညနေခင်းတွေထဲမှာ
ငါ့ရင်ခုန်သံတွေ ကြွေလွင့်ဖူးတယ်
ဘ၀အမောတစ်ကွေ့ မှာ….
အခြေအနေပဲဆိုးရွားလွန်းတာလား
ငါကိုကပဲရူးလွန်းခဲ့ တာလား
လက်တွေ့ ဆန်မှုတွေကိုမသိချင်ယောင်..အိပ်မက်ကိုပဲအတင်းဖက်တွယ်ထားမိတယ်….
ငါ့သွေးခုန်နှုန်းကိုတောင်မင်းအပိုင်စီးထားတာပါကွယ်
မင်းရယ်သံလေးကိုမြတ်နိုးဆာငတ်မှုတခုထဲအတွက်နဲ့ 
ငါအိပ်ရေးပျက်ဖို့ အကြောင်းလုံလောက်ပါတယ်
ငါ့ဘယ်ဘက်ရင်အုံနွေးလေးရယ်
ငါ့သွေးသားတွေနေမကောင်းရင် မင်းကိုထိခိုက်မှာစိုးမိတယ်
လွဲချော်မှုလေးကလှတပတလေးပဲ
ရှုမျှော်ခင်းကြည့်ဖို့ မခေါ်တော့ဘူးကွယ်
မင်းနဲ့ ဝေးတဲ့ ခဏမှာ
သီချင်းလေးတွေနဲ့ ငါနေထိုင်နေပါတယ်
မင်းပေးတဲ့ တယုတယချစ်ခြင်းစကားလေးတွေကငါ့အသက်ဆက်ဆေးပါ
ငါ့ဘ၀ရဲ့ ဆည်းဆာချိန်လေးတွေကို
မင်းရဲ့ မနက်ခင်းလေးတွေအဖြစ်လက်ဆောင်ပေးပါရစေ
အချစ်ရယ်
ကိုယ်နေမကောင်းဘူး
မင်းကိုသိပ်သတိရနေမိပါတယ်
ရှာရွန် (၂၂.၁၁.၂၀၁၁ )
Comment #2
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
Comment #5
nay kaung aung nay pop kwe..a chit ye
he..he,,
Comment #6
ငါ့ဘ၀ရဲ့ ဆည်းဆာချိန်လေးတွေကို
မင်းရဲ့ မနက်ခင်းလေးတွေအဖြစ်လက်ဆောင်ပေးပါရစေ
အချစ်ရယ်………ကျနော်မခံစားနှိင်တော့ဘူးဗျာ
အချစ်မှော်ဆရာမလေးရယ်..လည်စင်းခံပါတယ်..
Comment #7
တမ်းတလိုက်တိုင်း
ရောက်ရောက်လာပြီး
လိုအပ်ချက်တိုင်းကို
ဖြည့်စည်းပေးနှိုင်တဲ့
သုတယောက် အမြန်ဆုံးရောက်လာပါစေလို့ 
ဆုတောင်းရင်း
အားပေးသွားပါတယ် …..
Comment #9
i like both the poem &the title,
also like the comments of zombie & mike aung.
Comment #10
အားပေးသွားပါတယ်ဗျာ။
Comment #12
ကဗျာလေး ကောင်းပေ့ဗျာ
အသင်မျော ရေးတဲ့ကဗျာတွေ တော်တော်များများ ဖတ်လို့ကောင်းတယ်ဗျ
သူများတွေကို ဆုတောင်းပေးနိုင်ဖို့ ကိုယ်ကိုယ်တိုင်ကကျန်းမာနေမှဖြစ်မှာပေါ့ ကျန်းမာရေးဂရုစိုက်ဗျ ။
Comment #13
ကျေးဇူးတင်ပါတယ်ခင်ဗျာ…:)
Comment #14
မင်းရယ်သံလေးကိုမြတ်နိုးဆာငတ်မှုတခုထဲအတွက်နဲ့ 
ငါအိပ်ရေးပျက်ဖို့ အကြောင်းလုံလောက်ပါတယ်
ငါ့ဘယ်ဘက်ရင်အုံနွေးလေးရယ်
ငါ့သွေးသားတွေနေမကောင်းရင် မင်းကိုထိခိုက်မှာစိုးမိတယ် … lyke dat !!!
Comment #15
ဒီကဗျာလေးလဲ ကောင်းတယ်ဗျာ….
Comment #16
လက်တွေ့ ဆန်မှုတွေကိုမသိချင်ယောင်..အိပ်မက်ကိုပဲအတင်းဖက်တွယ်ထားမိတယ်….
ငါ့သွေးခုန်နှုန်းကိုတောင်မင်းအပိုင်စီးထားတာပါကွယ်
Comment #18
kou ke nay ma kaung bu
Comment #20
hote ke par shin.
kyay zu tin par de,
a khu ei lay nay kaung twar par p shin,,
doctor ne tway ya loh..ha,,ha,,
Comment #21
🙁
🙁
🙁
Comment #22
Nay ma kaung par
🙁
:'(
Suffer pain
Comment #23
နေကောင်းအောင်နေ
ကျန်းမာရေးဂရုစိုက်
အိကျန်းမာမှ ကဗျာတွေပျော်မှာ သိတယ်ဟုတ်
take care ! 🙂
Comment #24
Myan myan be Tay twar yin kaung me.
:'(
Pin pann nay p.
Comment #1
အချစ်ရယ်
ကိုယ်နေမကောင်းဘူး
မင်းကိုသိပ်သတိရနေမိပါတယ်