ချစ်ခြင်းဒိုင်ယာရီ
ဝင်နေတဲ့ လေ
ထွက်နေတဲ့ လေ
ထူးခြားပါပေါ့
ရှုရှိုက်လိုက်တိုင်း
မင်းအသံ မင်းနာမည်ကို
ကြားနေသလိုပဲ
တရားထိုင်ရာကခဏရပ်
စင်္ကြန်လျှောက်
အဲ မရဘူး မရဘူး
သူမ သူမ….
ဘာကြောင့်လှ ဘာကြောင့်ချောရတာတုံးဗျာ
မျက်ဝန်း ခြေလှမ်း
အရယ် အပြုံး
ဘာလို့ ငါ့ခေါင်းထဲ ပဲ
ရွေးရောက်နေရတာလဲ
မိုးလင်းမှ မိုးချုပ်
စားလည်းမင်း သွားလည်းမင်း
မင်းမှ မင်း
ငါချစ်တာမင်း
ငါမြတ် နိုးတာမင်း
ငါ့ဘ၀က မင်း
ကျေးဇူးတင်ပါတယ် ဗျာ
ကျွန်တော် သူမကို ချစ်ခွင့်ရလို့
အရာအားလုံးကိုပေါ့….။
ဘာမှ မပူ နဲ့ ကောင်မလေးရေ
ငါ က အချစ်ကောင်ပါ
ချစ်နေရုံသက်သက်
ဝင်သက်ထွက်သက်
ရှိနေသူပါ
ချစ်တာကို မြတ်နိုး
တစ်သက်စာမို့
မင်းပုံရိပ်
မင်း ရယ်သံကို
ထင်မှတ်စွဲ ကျန်နေတာပါ…
ချစ်လို့ ပါ ကောင်မလေးရေ…
Comment #2
love forever,
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,,
if u go toilet,how’s she?
teasing u naw.
i m really envious of her having a kind bf.