တစ်ချိန်က လစ်လပ်တဲ့ နေ့ရက်တွေအကြောင်း…..
ဖြစ်ရပ်တွေအားလုံးကို
သိခဲ့ပြီးပြီမို့…
ထပ်ပြီးတွေ့ဆုံရအောင်လို့
တောင်းဆိုချင်ပေမယ့်….
သိပ်ကို ရက်စက်လွန်းရာ ရောက်မှာမို့လို့
မပြောရက်တော့ပါဘူး…
ကြေကွဲခြင်းဟာ
မင်းနဲ့ထပ်တူ ပြင်းရှလွန်းပါတယ်…
တစ်ဘ၀လုံးအတွက်
အကြီးမားဆုံးလို့ ပြောလောက်တဲ့
ဆုံးရှုံးမှုတွေပါ….
အဲ့ဒါ ဘာလို့လဲ..သိလား…??
ဒီလစ်လပ်သွားတဲ့ ကွက်လပ်လေးမှာ
နောက်ထပ် အစားထိုးစရာ
ဒီလောကကြီးမှာ….
အချစ်ဆိုတာ ရှာမတွေ့နိုင်တော့လို့ပါ…
‘ အရမ်းချစ်တာပဲ ‘ လို့လဲ ပြောမထွက်တော့ဘူး….
ရင်ထဲမှာ ယိမ်းခတ်သွားတဲ့
နှလုံးသွေးတွေက
ပြင်းထန်တဲ့ လှိုင်းတွေလို
အကြင်နာမဲ့စွာ ရက်စက်လွန်းပါတယ်….
ဒါပေမယ့်…
မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေ ရှိနေသရွေ့တော့
မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေဦးမယ်ဆိုတာ
” ချစ်သူ ” ယုံမလား….???
Comment #2
aww,,,
ma pyaw taung ma pyaw chin dot bu so dot a yin lo ma chit dot bu pop naw…
hint,,,hint,,,
By: ei lay at Dec 1, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းချစ်တာပဲ ‘ လို့လဲ ပြောမထွက်တော့ဘူး….
ရင်ထဲမှာ ယိမ်းခတ်သွားတဲ့
နှလုံးသွေးတွေက
ပြင်းထန်တဲ့ လှိုင်းတွေလို