ပြီးဆုံးသွားတဲ့ဇာတ်လမ်းဟာ အမြဲတမ်း ပြန်ပြန်စနေတယ်
ရှင်နဲ့ကျွန်မဟာ လူတွေအမြင်မှာ ပြတ်ပြတ်သားသား ပြတ်သွားတာပဲ
ကျွန်မ သိခဲ့တဲ့အချစ်ဆိုတာ ဆုပ်လဲ စူး စားလဲ ရူး တစ်ခန်းရပ်ပြဇာတ်
ကျွန်မနှလုံးသားဦးတည့်ရာ အလျားလိုက် ထိုးစိုက်လာတဲ့ဓားတစ်လက်
ကျွန်မပေးအပ်ခဲ့တဲ့အပျိုစင်ဘ၀ ဘယ်တော့မှ ပြန်မရတော့ဘူး
မျက်ရည်တွေနဲ့ အလူးလူး အလှိမ့်လှိမ့်တွန့်ကြေနေတဲ့ကျွန်မကို
ရှင် ဆွဲမထူခဲ့ဘူး
ရှင်ကတော့ စစ်နိုင်သူတစ်ယောက်လို ငြိမ်ကျသွားတဲ့ရမ္မက်စိတ်ကို
အ၀တ်တွေလို ဆွဲဆန့်နေခဲ့တယ်
ကျွန်မရဲ့အရှင်လတ်လတ်ဈာပနကို ရှင် စီးကရက်ဖွာရင်း
ထိုင်ကြည့်နေခဲ့တာပဲ
ရှင်ပိုင်ဆိုင်ခဲ့တဲ့ကျွန်မဟာ
ရှင့်ရဲ့ယားယံနေတဲ့သွေးသားဖြေဖျောက်စရာ ရာဘာရုပ်
ကျွန်မပိုင်ဆိုင်ခဲ့တဲ့ရှင်ဟာ
ကျွန်မဘ၀ကို အစိမ်းလိုက် ကိုက်ဖြတ်ဝါးမြိုခဲ့သူ
ရှင် အရာအားလုံး ဖျဉ်ချခဲ့တဲ့ကျွန်မ
ပွင့်ဖတ်ကြေနှင်းဆီတစ်ပွင့်လို ရှုံတွရိရွဲ…လို့
ကျွန်မဟာ ကြပ်ခိုးစင်ပေါ်ရောက်သွားတဲ့မိန်းမတစ်ယောက်ပါ
အခု ကျွန်မမှာ ချစ်သူ ရှိနေပြီ
ဘ၀တစ်ခုလုံး ခြောက်သယောင်းနေတဲ့မိန်းမဟာ သူ့ချစ်သူရှ့မှာ
ဘယ်လိုစိတ်မျိုးနဲ့ စိမ်းလန်းပြရမလဲ
သူ ကျွန်မလက်ကလေးကို တယုတယ ဆုပ်ကိုင်လိုက်ရင်တောင်
နာဇီအကျဉ်းစခန်းထဲကဂျူးမလေးတစ်ယောက်လို
ကျွန်မမှာ ထိတ်လန့်ကြောက်ရွံ့နေခဲ့မိတယ်
ကိုသျှား
Comment #2
နှစ်ခေါက်ပြန်ဖတ်တာ…နှစ်ခေါက်လုံးကြက်သီးတောင်ထတယ်..
ခွဲထွက်တွေးထားတဲ့ပုံစံအရမ်းမိုက်တယ်….
အားပေးနေပါတယ်….ကိုသျှား…။
Comment #4
ကိုသျှား..တစ်မျိုးမိုက်တယ်။အားပေးသွားပါတယ်။
Comment #5
Creation ပဲဖြစ်ဖို့ဆုတောင်းမိပါတယ်……….
Comment #6
ဒီဇာတ်လမ်းထဲက ကောင်မလေးရဲ့လက်ကို
ဆုပ်ကိုင်မိတဲ့ချစ်သူသာ ကျွန်တော် ဖြစ်နေနိုင်တာပါ
ကျွန်တော်ဟာ ဘယ်မိန်းကလေးရဲ့ဘ၀ကိုမှ ဖျဉ်မချခဲ့ပါဘူးမေခရယ်
ကိုသျှား
Comment #7
ကိုသျှားရေ………….ယုံကြည်ပါတယ်………..တပုဒ်လုံးဖတ်မိချိန်မှာစိတ်မကောင်းလွန်းလို့
creation ပဲဖြစ်ပါစေလို့ဆုတောင်းမိတာပါ……မိန်းခလေးတွက်သနားလို့ပါ……..
ပြောတာလွဲမှားသွားရင်တောင်းပန်ပါတယ်…….ကိုသျှားရဲ့အရေးအသားတွေကိုအမြဲအားကျပီးလေးစားပါတယ်………
Comment #1
အားပေးသွားတယ်နော် ။
ကိုသျှား အ၇မ်းကိုကောင်းပါတယ်။